ခုနစ်ရက်တစ်သီတင်းနှင့် ရသအလင်းအလင်းရောင် စာပေ၀ိုင်း မန္တလေးမှာ သြဂုတ်လ ၁၇ K (မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၈ အရိပ်စိမ်းအနုပညာနှင့် စာပေ၀န်ဆောင်မှုလုပ်ငန်းမှ ဦးစီးကျင်းပတဲ့ ခုနစ်ရက်တစ်သီတင်းနှင့် ရသအလင်းအလင်း ရောင်အမည်ရတဲ့စာပေဆွေးနွေးပွဲကို မန္တလေးမြို့၂၆Bလမ်း၆၂လမ်း×၆၃ကြားရှိ လင်းရောင်ခြည်စာကြည်တိုက်မှာ သြဂုတ်လ ၁၇ရက် နံနက်၉နာရီအချိန် ကျင်းပပြုလုပ်မယ်လို့သိရပါတယ်။ ဦးဆောင်ဆွေးနွေးမယ့် စာရေးဆရာများကတော့ သိုက်ထွန်းသက်၊ နေ၀င်းမြင့်၊ ဂျိုဇော်၊ မောင်မှိုင်းလွင်(အင်းဝ)၊ ဆူးငှက် တို့ဖြစ်တယ်လို့သိရပြီး စာရေးဆရာဆူးငှက်ရဲ့စာအုပ်အသစ်ဖြစ်တဲ့ ခုနစ်ရက်တစ်သီတင်းမဂ္ဂဇင်းဝတ္ထုရှည်စုစည်းမှု စာအုပ်ကိုလည်း ထည့်သွင်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စာရေးဆရာဆူးငှက်က “ကျနော့်အသစ်ထွက်တဲ့ ခုနစ်ရက်တစ်သီတင်း မဂ္ဂဇင်းဝတ္ထုရှည် ၇ပုဒ် စုစည်းမှုစာအုပ်ကို အခြေခံတာပါ။ အဲဒီစာအုပ်ထဲကအကြောင်းအရာတွေရဲ့ ရသစာပေသဘော ရသစာပေရဲ့ လက်ရှိ အနေအထားနဲ့အလားအလာ၊ ရသစာပေရဲ့ရပ်တည်ချက်၊ ရသစာပေနဲ့ နိုင်ငံရေးနောက်ခံ၊ နောက် ရသစာပေနဲ့လူငယ် ဒါတွေကို ကျနော်တို့က လက်ရှိစာရေးဆရာတွေရဲ့အမြင်နဲ့ ဆွေးနွေးကြတဲ့ပုံစံမျိုးနဲ့လုပ်မှာပါ။ စာအုပ်အကြောင်းပြုပြီး ရသစာပေအကြောင်းဆွေးနွေးပွဲပေါ့၊ စာအုပ်အကြောင်းဆွေးနွေးတာ မဟုတ်ပါဘူး။ အဓိက ဒီရက်ပိုင်းတွေမှာ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်နဲ့လူငယ်တွေကလည်း ရသစာပေနဲ့ပတ်သက်လို့ စကားဝိုင်းကလည်း ဘာပဲပြောပြော နောက်ဆက်တွဲ ပြန်ပြီး ဆွေးနွေးစရာလေးတွေ ရှိနိုင်တယ်။ အထူးသဖြင့် စာရေးဆရာတွေရဲ့သဘောထားမှာ ပြန်ဆွေးနွေးစရာတွေ ချပြ စရာတွေ ပြန်သုံးသပ်စရာတွေ ရှိနိုင်တယ်။ အဲဒီဟာတွေအတွက်က ကျွဲကူးရေပါပေါ့။ အထူးသဖြင့် ဒီနေ့လူငယ်တွေနဲ့ ရသစာပေ အကွာအဝေး အတိမ်အနက်ပေါ့။ ဒါလေးတွေက အားထားရမယ့်ဟာလေးတွေ။ ဒါလေးတွေ အခြေခံပြီး ဆွေး နွေးကြမှာပါ ”လို့ ပြောပြပါတယ်။ စာရေးဆရာဆူးငှက်ဟာ တစ်ဝက်မန်ကျည်းပင်ဝတ္ထုတိုများ (၁၉၉၇)၊ မန္တလေးမျဉ်းဖြောင့်များ-ရသဆောင်းပါးပေါင်းချုပ် (၂၀၀၀)၊ အနှေးလျှောက်မန္တလေး-ဆောင်းပါးပေါင်းချုပ် (၂၀၀၀)၊ တိမ်ယံအိမ်မက်မိုးထက်နရီ(ဝတ္ထုရှည်)၊ တိမ်ယံအိပ် မက်မိုး ထက်နရီလုံးချင်းဝတ္ထုရှည် အစရှိတဲ့ ၀တ္ထု၊ ဆောင်းပါး၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ်ပေါင်း ၃၀ကျော်ရေးသားခဲ့ပါ တယ်။ ၂၀၀၇ တွင် ထွက်ရှိသော တိမ်ယံအိမ်မက်မိုးထက်နရီဖြင့် ၂၀၀၇ ခုနှစ်အတွက် အမျိုးသား စာပေဆု(ဝတ္ထုရှည်) ရရှိခဲ့ပြီး တိမ်ယံအိပ်မက်မိုးထက်နရီလုံးချင်းဝတ္ထုရှည်ဖြင့် ၂၀၀၆ ခုနှစ်အတွက် ရွှေအမြုတေဆု (အခန်းဆက် ဝတ္ထုရှည်) ဆွတ်ခူး ရရှိခဲ့ပါတယ်။
↧
ခုနစ်ရက်တစ်သီတင်းနှင့် ရသအလင်းအလင်းရောင် စာပေ၀ိုင်း မန္တလေးမှာ သြဂုတ်လ ၁၇
↧
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မမီးမီး၏ ဈာပနအခမ်းအနားမြင်ကွင်းများ
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မမီးမီး၏ ဈာပနအခမ်းအနားမြင်ကွင်းများ K (မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူဟောင်း မမီးမီး(ခ) မသင်းသင်းအေး (၄၇နှစ်) ဈာပနအခမ်းအနားနဲ့ ဂူသွင်းမြှုပ်နှံခြင်း အစီအစဉ်များကို ရန်ကုန်မြို့ရေဝေးသုသာန်မှာ သြဂုတ်လ ၁၇ရက် နေ့လယ်၂နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ဈုာပနအခမ်းအနားအစီအစဉ်များအရ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှ မမီးမီး ကိုယ်ရေးအကျဉ်းအားဖတ်ကြားခြင်း၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မှ အမှတ်တရ ၀မ်းနည်းစကားအကြောင်းပြောကြားခြင်း၊ နယ်ပယ်အသီးသီးမှ ပေးပို့လာသော သ၀ဏ်လွှာများ ထုတ်ပြန်ချက်ချက်များ ဖတ်ကြားခြင်း၊ မမီးမီးပါဝင်ဆောင်ရွက်ခဲ့တဲ့ ကျောင်းသားအဖွဲ့ အစည်း ကိုယ်စားပြု အလံများလွှမ်းအုပ်ခြင်း၊ ၀မ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်အလေးပြုခြင်းနဲ့ခန္ဓာကိုယ်အား မီးသဂြိုဟ်ခြင်း ကြွင်းကျန်ရစ် ပြာအား ဂူသွင်းခြင်း အစီအစဉ်များပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားကို ရွှေည၀ါဆရာတော်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊ ၈၈မျိုးဆက်နဲ့ကျောင်းသားခေါင်းဆောင်များ၊ မြို့နယ်အလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ အနုပညာရှင်များ၊ စာရေးဆရာများ၊ နိုင်ငံရေးလုပ်ဖော်ကိုင် ဘက်များ မီဒီယာများ အသီးသီး တက်ရောက်ခဲ့ကြပြီး အထူးစည်ကားခဲ့ပါတယ်။ မမီးမီးဟာ သြဂုတ်လ ၁၃ရက်နေ့ ပုသိမ်မြို့က ကဗျာဆရာကြီးမောင်အောင်ပွင့်ဇနီး နာရေးကို သွားရောက်ပို့ဆောင်ပြီး ရန်ကုန်ဘက်အပြန် ကျောင်းကုန်းမြို့နယ်အတွင်းမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် ဆေးရုံပို့ကုသစဉ် သြဂုတ်လ ၁၃ ရက် ညနေ ၅ နာရီ၂၀မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မမီးမီး ရုတ်တရက်ကွယ်လွန်ခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီမှ အထူးဝမ်းနည်း ကြေကွဲကြောင်းထုတ်ပြန်စာတစောင်၊ ရန်ကုန်တိုင်းအစိုးရ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ စသဖြင့် ထုတ်ပြန်ခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် မမီးမီးရဲ့နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ စာပေမိတ်ဆွေများက ၀မ်းနည်း ကြောင်းစတေးတပ်များရေးသားထားကြပါတယ်။ မမီးမီး၏ ကိုယ်ရေးအကျဉ်း -အမည်ရင်းမှာ မသင်းသင်းအေးဖြစ်ပြီး အဖ ဦးဘသိန်း၊ အမိ ဒေါ်ခင်သိန်းတို့မှ ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ သည်။ အခြေခံပညာအထက်တန်းကို အထက(၄) တာမွေမြို့၌ ပညာသင်ယူနေစဉ် ဒဿမတန်းကျောင်းသူဘ၀ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အကသ၊ မကဒ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ – ၁၉၈၉ခုနှစ် မတ်လတွင် ကိုဖုန်းမော်တစ်နှစ်ပြည့် လှုံ့ဆော်လှုပ်ရှားမှု့ကြောင့် အထက်တန်းကျောင်းသူဘ၀ဖြင့် အင်းစိန် ထောင်တွင် လေးလကြာ အထိန်းသိမ်းခံခဲ့ရသည်။ – ၁၉၉၀ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုလှမိုးနှင့် အိမ်ထောင်ကျပြီး သမီး တစ်ယောက်၊ သားတစ်ယောက်ထွန်းကားခဲ့သည်။ – ၁၉၉၁ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ဒဂုံတက္ကသိုလ်တွင် သတ္တဗေဒအဓိက ဘာသာရပ်ဖြင့် တက်ရောက်ပညာသင်ယူခဲ့သည်။ – ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ဒဂုံတက္ကသိုလ်ကျောင်းသူဘ၀တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှု ဒဂုံတက္ကသိုလ် ကျောင်းသားဆန္ဒပြမှုဖြင့် အဖမ်းဆီးခံရပြီး ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသည်။ အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် အကျဉ်းချခံခဲ့ရသည်။ တတိယနှစ်ဂုဏ်ထူးတန်း သတ္တဗေဒအဓိကပညာရေးမှာ ထိုအချိန်မှစ၍ ဆုံးရှုံးခဲ့ရသည်။ – ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလတွင် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၀၅ ခုနှစ်တွင် ၈၈မျိုး ဆက် ကျောင်းသားများအဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သည်။ – ၂၀၀၇ ခုနှစ် ဖြစ်ပွားခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သဖြင့် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ တွင် ထပ်မံအဖမ်းဆီးခံခဲ့ရသည်။ – ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရတရားရုံးမှ ထောင်ဒဏ်(၆၅)နှစ် ချမှတ်ခဲ့သည်။ အင်းစိန်ထောင်မှတဆင့် […]
↧
↧
အောင်သဇင် + ဂါမဏိ ● မင်းအောင်လှိုင်၏ လတ်တလော အာဏာနီခြေလှမ်းများ
အောင်သဇင် + ဂါမဏိ ● မင်းအောင်လှိုင်၏ လတ်တလော အာဏာနီခြေလှမ်းများ (အာဏာနီအောက်မှ ငြိမ်းချမ်းရေး) (မိုးမခ) သြဂတ်စ် ၁၈၊ ၂၀၁၈ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နောက်ဆုံး အာဏာနီတည်ဆောက်ရေးခြေလှမ်းတွေကို ကြည့်လိုက်တဲ့အခါ ၂၀၁၈ ၁ လပိုင်းကရာထူးအပြောင်းအရွှေ့တွေမှာ သူ့ကိုပုခုံးချင်းယှဉ်နိုင်မယ့် စီနီယာတပ်မှူးတွေကို အရေးမပါ တဲ့နေရာတွေပို့ပစ်ပြီး ၄ လပိုင်းကရာထူးအရွှေ့အပြောင်းတွေမှာတော့ တိုင်းမှူးဖြစ်စလူတွေကို ထုံးစံမရှိဘဲ တခြားတိုင်းထပ်ရွှေ့ပစ်တာတွေဟာ အာဏာနီတည်ဆောက်မှုသက်သက်ဘဲဖြစ်တယ်။ မင်းအောင်လှိုင်က ထွန်းထွန်းနောင်ကို မြထွန်းဦးနေရာပေးမယ်ဆိုပြီး ဟိုအကောင်ဝမ်းသာအောင် လေလည်ပေးထားတယ်။ မြထွန်းဦးနဲ့ မင်းအောင်လှိုင် စကားကောင်းကောင်းမပြောတာ ကြာပြီ။ ၂၀၁၅ ကိုးကန့်မှာခံရပြီးကတည်း သူ့ကြောင့် ငါ့ ကြောင့်ဆိုပြီး တယောက်ကိုတယောက်လွှဲချခဲ့ရာက တင်းမာခဲ့တာဖြစ်တယ်။ အစောပိုင်းကဆို လုံးဝစကားမပြောတဲ့ အ ထိတောင် ဖြစ်သွားခဲ့သေးတယ်။ ဒီတော့ အခုအဆင်မပြေတဲ့ ညှိကွပ်ကိုဖြုတ် ဒါမှမဟုတ် တနည်းနည်းနဲ့ပထုတ်ပြီး သူ့နေရာကို ထွန်းထွန်းနောင် ရမယ်လို့ မက်လုံးပေး လိုချင်သလိုစိတ်ကြိုက်ခိုင်းစားနေပုံရတယ်။ နေဝင်းက စိန်လွင်ကိုသုံးခဲ့သလိုမျိုး သုံးဖို့စိတ် ကူးတာဖြစ်တယ်။ ထွန်းထွန်းနောင်ဆိုတာကလဲ ဘာမှတိုက်ပွဲကြီးကြီး ဟုတ်တိပတ်တိမတိုက်ဖူးဘူး၊ မနိုင်ဖူးဘူး။ တပ်ထဲမှာ ဘာသမိုင်းမှမရှိ၊ ဘာမှထူးထူးခြားခြားအောင်မြင်မှုလဲ မရှိတဲ့လူ။ ဒါပေမဲ့ ခေါင်းကလဲမရှိတော့ တပ်မှာ နံပတ် ၃ နေရာရမယ်ဆိုပြီး မြောက်နေ ကြွနေတယ်။ သူ့အဖေ ဒုဗိုလ်မှူးကြီးခင်မောင်ဝင်းက နေဝင်း လက်ထက်မှာ ပြည်ထဲရေးဒုဝန်ကြီး လုပ်ခဲ့ဖူးတဲ့လူဟောင်းဆိုတော့ သားနှစ်ကောင်ဖြစ်တဲ့ ထွန်းထွန်းနောင်နဲ့ ထွန်းထွန်းညီက သူတို့အတွက်ဆို ခြံပေါက်တွေဖြစ်နေတယ်။ ဒါတောင် မအလက ကိုးကန့်အရှုံးတော်ပုံမှာ ၃၃ တပ်မမှူး ထွန်းထွန်းညီကို ဖြုတ်ပစ်လိုက်သေးတယ်။ အခုမှ မြထွန်းဦးနဲ့ရင်ဆိုင်ဖို့ ထွန်းထွန်း နောင်ကို လူမွေးချင်တော့ ဂျောင်ဂလောင်ပို့ထားတဲ့ ထွန်းထွန်းညီကိုပါ ပစားပေးပြီး တရုတ်ပြည်ခရီးစဉ်မှာတောင် တပ်ထိန်း ချုပ် ထွန်းထွန်းညီကို မဆီမဆိုင်ခေါ်သွားလိုက်သေးတယ်။ ရိုဟင်ဂျာသတ်ပွဲနဲ့ပတ်သက်လို့ အရေးယူခံရတဲ့ ကစထ-၃ မှူး ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ နပခတိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးတို့က သူတို့လုပ်သမျှအားလုံး မင်းအောင်လှိုင်ကိုသတင်းပို့ပြီး ပြန်ညွှန်ကြားမှလုပ်ခဲ့တာလို့ ဖော်ခဲ့ကြတယ်။ ရှေ့တန်းတပ်မှူးတွေအပေါ်ဘဲ အားလုံးလွှဲချတာဟာ တပ်တွင်းမှာ မကျေနပ်မှုအဓိကဖြစ်စေတဲ့ မီးပွားစဖြစ်နေတယ်။ ဘေး ဖယ်ခံရတဲ့ စီနီယာဗိုလ်ချုပ်ကြီးတချို့ကတော့ “ဒီဂျပုမျက်ခွက် ကြည့်မယ့်အစား ချီးဘဲကြည့်မယ်…” လို့တောင် ပြောင် ပြောင် ပြောနေကြတယ်။ ကာချုပ်မင်းအောင်လှိုင်ဟာ တပ်မတချို့ကိုလဲမပေးဘဲ ရှေ့တန်းမှာ နှစ်ပေါက်အောင် စစ်ဆင်ရေးဝင်ခိုင်းထား လို့ မုဒိန်းမှု လုယက်မှု ဓားပြမှုတွေ ထောင်းလမောင်းထလာတယ်။ ကိုးကန့်ရှုံးပွဲတုန်းကလဲ ကစထမှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နဲ့ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးကိုပါ ဖြုတ်ပစ် လိုက်ပြီး အောင်သန်းထွဋ်ကို ပြည်နယ်အဆင့်လွှတ်တော်အမတ်လုပ်ခိုင်း၊ အောင်စိုးကိုတော့ သိန်းစိန်လူရင်း ဖြစ်တဲ့ အဖေအရှိန်နဲ့ ပြည်ထဲရေးပို့ခဲ့ရာက အောင်စိုးက ပြည်ထဲရေးဝန်ကြီးဌာနတိုးတက်အောင်လုပ်နိုင်လို့ နာမယ်ကောင်းရပြီး NLD အစိုးရနဲ့လဲ အဆင်ပြေလာတော့ ဆက်မထားတော့ဘဲ တပ်ထဲပြန်ခိုင်းတာ မင်းအောင်လှိုင်ပါဘဲ။ တကယ်တော့ မင်းအောင်လှိုင်ဟာ ဗမာပြည်ကာချုပ်များသမိုင်းမှာ စီနီယာတွေကော မတိမ်းမယိမ်းတွေကော ဂျူနီယာတွေကပါ လူမုန်းအများဆုံးကာချုပ်ဖြစ် နေတယ်။ အသစ်မွေးထားတဲ့ ထွန်းထွန်းနောင်ကို မင်းအောင်လှိုင်အသုံးပြုပုံနမူနာကိုတော့ တာ့လီမှာ KIA နဲ့ ဗမာစစ်တပ်ဘက်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သြဂုတ် ၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာ တွေ့နိုင်တယ်။ အဲ့ဒီငြိမ်းချမ်းရေးကိစ္စမှာ ထူးခြားတာက […]
↧
အောင်ငြိမ်းချမ်း (Myanmar Now) ● ကချင်ပြည်နယ်ဝန်ကြီးပြောပြသည့် ကျောက်စိမ်းတွင်းဒေသပြဿနာများ (အင်တာဗျူး)
အောင်ငြိမ်းချမ်း (Myanmar Now) ● ကချင်ပြည်နယ်ဝန်ကြီးပြောပြသည့် ကျောက်စိမ်းတွင်းဒေသပြဿနာများ (အင်တာဗျူး) (မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈ သူဌေးဖြစ်ရေးအိမ်မက် တစ်ပွေ့တစ်ပိုက်ဖြင့် ကချင်ပြည်နယ် ကျောက်စိမ်းဒေသသို့ သွားရောက်သူများထဲတွင် နိုင်ငံအနှံ့ အပြားမှ အလုပ်သမား သိန်းနှင့်ချီ ရှိနေသည်။ ၎င်းတို့ကို ရေမဆေးသမားဟု ထိုဒေသတွင် ခေါ်ကြပြီး မကြာခဏပေါ်ပေါက်တတ်သော လုပ်ငန်းခွင် မြေပြိုကျမှု မတော် တဆ ဖြစ်စဉ်နှင့် ရင်ဆိုင်နေရသည်။ ထိုဖြစ်စဉ်များကြောင့် သေဆုံးနှုန်းသည် လစဉ် ၁၆ ဦး ဝန်းကျင် ရှိနေသည်။ ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသတွင် ဝမ်းနည်းစရာ အဖြစ်ဆိုးတို့ ဖြစ်နေရသည့် အကြောင်းရင်း၊ ပြဿနာကို ကိုင်တွယ်ပုံတို့နှင့် ပတ်သက်ပြီး ဇူလိုင်လကုန်ပိုင်းက ကျောက်စိမ်းတွင်းအထိ သွားရောက်လေ့လာထားသူ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ပြောပြထားသည်။ +++ ဖားကန့်က အထွေထွေပြဿနာတွေကို ကိုင်တွယ်ဖို့အတွက် ဘာတွေလုပ်ဖို့လိုပါသလဲ။ ရတနာနယ်မြေ သတ်မှတ်လိုက်ပြီဆိုတာနဲ့တော့ ပြတ်သားမှုတစ်ခုတော့ရှိရမှာ၊ သတ်မှတ်ထားတဲ့ နယ်မြေထဲကို ဝင်ထွက်လာတာကအစပေါ့။ ရတနာနယ်မြေ မဟုတ်တဲ့ တနိုင်း ဒေသတွေမှာ လမ်းဆိုရင်လည်း ဂိတ်ထားပြီးတော့မှ တပ်မတော် အနေနဲ့ ကျပ်ကျပ်မတ်မတ် လုပ်တာတွေလည်း တွေ့ရတယ်။ ဒါတွေကတော့ နိုင်ငံတော်ရဲ့ ရတနာတွေကို တစ်ဖက်တစ်လမ်းက မထွက်အောင် သူတို့အနေနဲ့ လုပ်ရတာ။ အတွင်းစည်းဖြစ်တဲ့ ဖားကန့်မှာကျတော့ အဲဒီလိုမျိုး ရှင်းလင်းတာလည်း မတွေ့ရဘူး။ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာဘက်ကို သွားခဲ့တယ်လို့ သိရတယ်ခင်ဗျ။ ဘာတွေလုပ်ဆောင်သွားဖို့ရှိပါသလဲ။ တချိန်တုန်းက ရေမဆေးဆိုတာတွေက ပစ်စာပုံတွေပဲ အလေးထားတယ်။ နောက်ပိုင်းကျတော့ ခြံစည်းရိုးဖျက်ပြီးမှ ဝင်လာတယ်။ လုပ်ငန်းခွင်မှာပါ ရောက်လာတယ်။ အခုဆိုရင် သက်တမ်းကုန်တဲ့လုပ်ကွက်တွေမှာရှိတဲ့ နေရာတွေကိုပါ ထိပါးလာတယ်။ နောက်တစ်ဆင့် ပတ္တမြားနဂါး(ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ)ရဲ့ ဂိုထောင်ထဲကို ဝင်တယ်။ အခု ပတ္တမြားနဂါးကျောက်စိမ်းဂိုထောင်မှာ ကျွန်တော်ရှိတယ်။ သူတို့ရဲ့ကျောက်တွေကို ကျွန်တော် သွားကြည့်တယ်။ နိုင်ငံတော်နဲ့ အကျိုးတူဆိုရင်တော့ ကျောက်စိမ်းရုံးမှာ ထိန်းသိမ်းထားတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးဖို့ ကျောက်မျက် လုပ်ငန်းရှင်တွေနဲ့ အခုပြန်တွေ့မယ်။ သူတို့ဆီကနေ သူတို့ရဲ့လိုလားချက်၊ ဘာတွေ လိုအပ်နေတယ်ဆိုတာတွေပေါ့။ ဒါက နိုင်ငံတော်အဆင့်ပဲ၊ ရေ ခဏခဏ ကြီးတဲ့ ဥရုချောင်းလည်း နိုင်ငံတော်အဆင့်၊ ရေမဆေးလည်း နိုင်ငံတော်အဆင့်ဖြစ်နေပြီ။ ကျွန်တော်တို့အဆင့် နဲ့က ဘယ်လိုမှ ထိန်းကျောင်းလို့မရဘူး။ ပြည်ထောင်စုနဲ့ ကချင်ပြည်နယ်အစိုးရအကြားမှာ ပေါင်းစပ်ညှိနိုင်းပြီးမှ အဖြေရှာရမယ့်အပိုင်းတွေဖြစ်နေတယ်။ ညှိနိုင်းတဲ့အခါမှာ သက်ဆိုင်ရာ ဒေသခံတွေရဲ့ လိုလားချက်၊ သဘောထားမပါရင်လည်း ဆုံးဖြတ်ရခက်တယ် ဆိုပြီးတော့ သူတို့ရဲ့ သဘောထားဆုံးဖြတ်ချက်ရယူဖို့အတွက် ကျွန်တော်တို့က ဒီဘက်ကို ပဏာမ ကွင်းဆင်းရတာပါ။ ရေမဆေးတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်မယ့် အစီအစဉ် ဆွဲခဲ့ဖူးလား၊ ဆွဲနေပြီလား။ ကျောက်မျက်ဥပဒေဆိုတာ ပေါ်ပြီးသား၊ လုပ်ထုံးလုပ်နည်း ရှိပြီးသားပါ။ လက်တွေ့ အကောင်အထည် ဖော်တဲ့အပိုင်းမှာ အားနည်းတာ တွေ့ရတယ်။ ဒီလူစုလူဝေး ဆိုတာက (အယောက်) ၅ဝ ကျော်ရင် မဖြစ်သင့်ဘူး။ တားမြစ်ထားတဲ့နေရာမှာ အိမ်လာဆောက်၊ တဲလာထိုး အဲဒါမျိုးတွေကအစ၊ ဘယ်သူက ထိန်းမှာလဲလို့ ပြောရင်တော့ စည်းမျဉ်းစည်းကမ်းအရတော့ လက်နက်ကိုင်တွေနဲ့ ရဲတွေကို တာဝန်ပေးထားတာ၊ နောက် နယ်မြေခံတပ်တွေတော့ ရှိတယ် ဆိုတော့ […]
↧
ဇင်လင်း ● ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုမည်
ဇင်လင်း ● ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုမည် (မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၈ ၂၀၁၈ ခုနှစ် ဩဂုတ်တွင် ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀) ပြည့်အခါသမယ၌ လူထုအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပြောဆိုဆွေးနွေးမှုအသံ အတော်ကျယ်လောင်လာသည်ကို တွေ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်သူလူထု လိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းခရီး တွင် အဟန့် အတားဖြစ်နေသည်ဟု ပြောဆိုဝေဖန်လာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးကိစ္စတွင် အဓိကအချက် မှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အပါအ၀င် နိုင်ငံရေးအင်အားစုများအကြား အချင်းချင်း အပြန် အလှန် ယုံကြည်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြောင်း 7dayDaily သတင်းက ဖေါ်ပြထားသည်။ ပဓါနအားဖြင့် ယုံကြည်မှု ရရှိရန် ဆောင်ရွက် ရမည်ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု တိုးတက်လာမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။ ထို့ပြင် NLD အနေဖြင့် အတိတ်မှ အကြောင်းများအတွက် လက်စားချေဖို့ မရှိ။ အတိတ်ဖြစ်ရပ်များနှင့် ပတ်သက်၍ ပုဂ္ဂိုလ်အားလုံးကို မျက်နှာပျက် စရာ၊ ဂုဏ်သိမ်ငယ်စရာ ကိစ္စမျိုးလုံးဝ လုပ်ဆောင်မှု မရှိခဲ့ကြောင်း အဖွဲ့ချုပ်အနေဖြင့် သက်သေပြလိုသောကြောင့် ယုံကြည်မှုတည်ဆောက်နေခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လူထုလှုပ်ရှားမှု၏ ရည်မှန်းချက် များ အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များက ဩဂုတ် ၈ ရက်၌ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀) ပြည့်ချိန်၌ အမှတ်တရစကား ပြောကြားခဲ့ကြသည်။ လက်ရှိ လွှတ်တော်များသည် ရှစ်လေးလုံးအရေးတော်ပုံကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ရှစ်လေးလုံးလှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းက ဆိုသည်။ ရှစ်လေး လုံးအရေးတော်ပုံ၏ ရည်မှန်းချက်နှင့် NLD ပါတီ၏ ရည်မှန်းချက်သည် ထပ်တူဖြစ်သည်ဟု သူကဆိုသည်။ လွှတ်တော် အတွင်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ကိုင်၍ မရနိုင်သဖြင့် ၂၁ ရာစု ပင်လုံညီလာခံမှ တဆင့် လုပ်ဆောင်လျှက်ရှိကြောင်း ဦးကြည်ဝင်းက ဆိုသည်။ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်က လက်ရှိ မြန်မာ နိုင်ငံ အခြေအနေသည် ရှစ်လေးလုံးအရေးတော်ပုံ၏ ရည်မှန်းချက်ရောက်ရှိရေး လမ်းပေါ်သို့ ရောက်လာပြီဟု ဆိုနိုင် ကြောင်း မှတ်ချက်ပြုပြောကြားသည်။ ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်သည့် ရှစ်လေးလုံး နှစ်(၃၀)ကာလ သုံးသပ်ဆွေးနွေးမှုများတွင် ၈၈ ကျောင်းသား ခေါင်းဆောင် များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးအတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုခဲ့ကြသည်။ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပြင်ပတွင် ပုဂ္ဂိုလ်ရေးထိတွေ့မှုများ မှတစ်ဆင့် ညှိနှိုင်းသင့်သည်ဟု အကြံ ပြု ပြောကြားခဲ့သည်။ ဤနေရာ၌ […]
↧
↧
ထိုက်နန္ဒာဝင်း (Myanmar Now) ● ရှေ့ နေကိုအဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲသည်ကို ရှေ့နေအဖွဲ့အစည်းများဝေဖန်
ထိုက်နန္ဒာဝင်း (Myanmar Now) ● ရှေ့ နေကိုအဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲသည်ကို ရှေ့နေအဖွဲ့အစည်းများဝေဖန် (မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၈ ရန်ကုန် — အမှုသည်ထံမှ ငွေကြေး နှင့် ပစ္စည်းလက်ဆောင်များ တောင်းယူပြီး အမှုပြီးဆုံးအောင် မဆောင်ရွက်ပေးကြောင်း စွပ်စွဲခံထားရသည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှ ရှေ့ နေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့်တရားစွဲဆိုခြင်းကို ရှေ့ နေများဝေဖန်လိုက်သည်။ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးသည် ၂၀၁၆ အတွင်း ဖြစ်ပွားခဲ့သည့် အမှုနှစ်ခုတွင် အမှုအောင်မြင်စေရေး အတွက် အကြောင်းပြကာ အမှုသည်ထံမှ ကျပ် ၁၂ သိန်းကျော်နှင့် လက်ဆောင်ပစ္စည်းများ တောင်းခံခဲ့ကြောင်း စွပ်စွဲခံနေရပြီး ထိန်းသိမ်းခံထားရသည်။ အခြားသော အရေးယူနိုင်သည့် ဥပဒေများရှိလျှက် အာမခံမရသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် တရားစွဲခြင်းကို စိုးရိမ်ကြောင်းရှေ့ နေများကဆိုသည်။ အခြားသော အရေးယူနိုင်သည့် ဥပဒေများရှိလျက် အာမခံမရသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် တရားစွဲခြင်းကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အတွင်းရေးမှူး ဦးသိန်းသန်းဦး ကပြောသည်။ “ပိုက်ဆံယူပြီးတော့ တာဝန် ကျေအောင် အမှုမလိုက်ထားဘူး ဆိုရင် ဘားကောင်စီ ဥပဒေရှိတယ်။ နောက်တခုက တရားရုံးကို ပေးမယ်ဆိုပြီး ပိုက်ဆံယူတယ်ဆိုရင် အဲဒါ လိမ်လည်မှုနဲ့ အရေးယူလို့ရတယ်။ အဂတိနဲ့တော့ မဆိုင်ဘူးလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် နောက်နောင်ကျရင် အစဉ်အလာဖြစ်လာမှာ စိုးတာပါ” ဟု ၎င်းကဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေအသင်းအဖွဲ့များ ဖြစ်ကြသော မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILEM)၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက်၊ မြန်မာမီဒီယာရှေ့နေများကွန်ရက်တို့မှ တာဝန် ရှိသူများသည် သြဂုတ်လ ၂၁ ရက် (မနက်ဖြန်) လက်ပံတန်းသို့သွားရောက်ကာ အမှုဖြစ်စဉ်မှန်ကို စုံစမ်းမည်ဖြစ်သည်။ ထိုသို့စုံစမ်းခြင်းသည် အရေးယူခံထားရသည့် ရှေ့နေဘက်မှ ကာကွယ်ပေးလိုခြင်းမဟုတ်ဘဲ၊ ဥပဒေနှင့် အညီ ဥပဒေအကာအကွယ် ရရှိရန်သာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများ အသင်း အတွင်းရေးမှူး တရားလွှတ်တော်ရှေ့ နေ ဦးသိန်းသန်းဦးက ပြောသည်။ “ဒေါ်ခင်အေး လိမ်တယ်၊ မလိမ်ဘူးကို ကျွန်တော်တို့ ကာကွယ်မှာ မဟုတ်ပါဘူး။ အမှားအမှန်က အမှုမစစ်ဆေး ရသေးတဲ့အတွက် ကျွန်တော်တို့ မသိဘူး” ဟု ၎င်းကပြောသည်။ ၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ သည် အထူးဥပဒေဖြစ်သည့်အပြင် နောက်ဆုံးပြဌာန်းထားသည့် ဥပဒေခြင်းကြောင့် စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေအရ နောက်ဆုံး အထူးဥပဒေများကို ဦးစားပေးတရားစွဲဆိုလေ့ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်ဦးဟန်ညွန့်က ပြောသည်။ “တရားရုံး၏ လုပ်ငန်းများအပေါ်မည်သူမျှ စကားဦးသန်းလို့ မရပါဘူး။ အဂတိလိုက်စားမှု ဆိုသည်တွင် မည်သူ မဆို ဟူ၍ ပြဌာန်းချက်ပါပါတယ်။ ဒါဟာရာထူးတာဝန်လို့လည်း မကသည့်ပြင် အခြားနည်းဖြင့်ဖြစ်စေလို့လည်း ပါသည့် အတွက် (ရှေ့နေသည်) အရာရှိမဟုတ်သော်လည်း အခြားနည်းဆိုတဲ့နေရာမှာ အကျုံးဝင်ပါတယ်” ဟု ၎င်းကဆိုသည်။ ထို့ပြင် ကော်မရှင်သည် တရားစွဲဆိုခြင်းမပြုမီ သေချာသော၊ ငြိစွန်းသော ပုဒ်မများဖြင့် သက်ဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ်ကို ရယူတရားစွဲလေ့ ရှိသည်ဟုလည်း သူကဆိုသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ […]
↧
အောင်ထက်ဦး (Myanmar Now) ● ပိတ်ကားပေါ်ရောက်ဖို့ခက်နေတဲ့ တိုင်းရင်းသားရုပ်ရှင်များ
အောင်ထက်ဦး (Myanmar Now) ● ပိတ်ကားပေါ်ရောက်ဖို့ခက်နေတဲ့ တိုင်းရင်းသားရုပ်ရှင်များ (မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၈ (ရန်ကုန်) — ကချင်စကားပြောရုပ်ရှင်ဇာတ်လမ်း ‘မနောမြေမှကျောက်စိမ်းကမ္ဘာ’ ဟာ ပြိုင်ဘက် ၃ဝ ကျော်လောက်ကို ကျော်ဖြတ်ပြီး ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အထူးဆုရခဲ့ပါတယ်။ ကချင်ပြည်နယ်ဖားကန့်က ကျောက်စိမ်းအလုပ်သမားတွေဘဝကို ရိုက်ကူးထားတဲ့ ကချင်စကားပြော ဗမာစာတန်းထိုး ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ သူ့အောင်မြင်မှုအတွက် အပြည့်အဝ မပျော်နိုင်ပါဘူး။ ထူးချွန်ဆုသာရခဲ့ပေမဲ့ သူ့ရုပ်ရှင်ကို မြို့ကြီးတွေက ရုပ်ရှင်ရုံတွေမှာ အခုအချိန်အထိ ပြသခွင့်မရသေးဘူးလို့ ဒါရိုက်တာ JZ ဒေါင်လွဏ်းကပြောပါတယ်။ “(ကျွန်တော်က) တိုင်းရင်းသားဖြစ်နေလို့လား။ (ရုပ်ရှင်က) မကောင်းလို့ဆိုလည်း ဘာလို့ အကယ်ဒမီ ပေးနေသေးလဲ” လို့ အကယ်ဒမီရပြီး တစ်နှစ်ကျော်ကြာတဲ့အထိ ရုံတင်ခွင့်မရခဲ့တဲ့ သူ့ဇာတ်လမ်းအတွက် အကျေမနပ် ဖြစ်နေတဲ့ JZ ဒေါင်လွဏ်းက ပြောပါတယ်။ JZ ဒေါင်လွဏ်းရဲ့ ကချင်စကားပြောရုပ်ရှင်လိုပဲ မြန်မာပြည်က ဗမာမဟုတ်တဲ့ အခြားမျိုးနွယ်စုတွေရဲ့ ဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်တွေဟာ မြို့ကြီးပြကြီးတွေဆီက ရုပ်ရှင်ရုံတွေမှာ ပြသခွင့်မရကြပါဘူး။ မြန်မာနိုင်ငံမြောက်ပိုင်းက ရဝမ်မျိုးနွယ်စုစကားပြောရုပ်ရှင် ‘ဂီလာ’ ကိုလည်း မြို့ကြီးတွေက ရုပ်ရှင်ရုံတွေက ပြသဖို့ငြင်း ဆန်ကြတယ်လို့ အဲဒီ ဇာတ်ကားရဲ့ ဒါရိုက်တာ ဒီထဲဒီက ဆိုပါတယ်။ ဗမာလို ‘သူရဲကောင်း’ လို့ အနက်ရှိတဲ့ ‘ဂီလာ’ရုပ်ရှင်ဟာ မြစ်ကြီးနား၊ ဗန်းမော် နဲ့ လားရှိုးမြို့တို့မှာ ရုံပြည့် အားပေးခံခဲ့ရပြီး မြန်မာပြည်မြောက်ပိုင်းရုပ်ရှင်ရုံတွေအတွက် ဝင်ငွေကောင်းတဲ့ဇာတ်လမ်းဖြစ်ခဲ့ပါတယ်။ ကျပ်သိန်း ၄ဝဝ လောက် အကုန်အကျခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကချင်နဲ့ ရှမ်းမြောက်ဒေသတွင်း ရုပ်ရှင်ရုံတွေမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက တစ်ပတ်ကြာရုံတင်ခဲ့ရာမှာ ကျပ်သိန်း ၇ဝ လောက် ဝင်ငွေပြန်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက Facebook မှာ ဖြန့်ခဲ့တဲ့ ‘ဂီလာ’ ရဲ့ ဇာတ်လမ်း အမြည်းကို ကြည့်ရှုသူ ၅ သိန်းနီးပါးရှိခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ ရုပ်ရှင်ပိတ်ကားတွေဆီတော့ မရောက်လာနိုင်ခဲ့ပါဘူး။ “ရုံပိုင်ရှင်တွေကတော့ သိတဲ့အတိုင်းပဲ ခုလက်ရှိ မြန်မာနာမည်ကြီး မင်းသားမင်းသမီးတွေ မပါဘူး ဆိုတော့ သူတို့ (ရုပ်ရှင်ရုံတွေ)က ရုံမတင်ရဲကြဘူးပေါ့” လို့ ရဝမ် မျက်နှာသစ် သရုပ်ဆောင်တွေပါဝင်တဲ့ ‘ဂီလာ’ ကို ဖန်တီးသူက ဆိုပါတယ်။ မကြာသေးကလည်း မျက်နှာသစ်သရုပ်ဆောင် ဇာဏ်ခီနဲ့ ရိုက်ကူးထားတဲ့ ‘ဥပါယ်တံမျဉ်’ဇာတ်ကား အောင်မြင်ခဲ့ပေမယ့် အစပိုင်းမှာ ရုံတင်ပြသဖို့ အခက်အခဲတွေ တွေ့ခဲ့ရပါသေးတယ်။ ဒါရိုက်တာဒီထဲဒီကတော့ အခက်အခဲချင်း တူရင်တောင် မြန်မာမျက်နှာသစ်ပါတဲ့ဇာတ်ကားက တိုင်းရင်းသားမျက်နှာသစ်ပါတဲ့ ကားထက် ရုံတွေ လက်ခံဖို့ရော ပရိသတ်လက်ခံဖို့ပါ လွယ်တယ်လို့ ဆိုပါတယ်။ “(ဥပါယ်တံမျဉ်မှာ) လူတွေကို ဆွဲဆောင်မှုဖြစ်စေတဲ့အရာက ထိုင်းမင်းသမီးပါတယ်။ အကယ်ဒမီမင်းဦးပါမယ်။ လက်ရှိ အကယ်ဒမီရထားတဲ့ သက်မွန်မြင့်ပါမယ်။ ကျွန်တော်တို့ ဇာတ်ကားအနေအထားက အားလုံး သုညမှာပဲ ရှိသေးတယ်။ ဒါရိုက်တာလည်းအသစ်၊ သရုပ်ဆောင်တွေလည်း လုံးဝ ပထမဆုံးတွေပဲ။ ပြီးတော့ သူတို့က မြန်မာကားအနေနဲ့တက်တာ၊ ကျွန်တော်တို့ကျတော့ လုံးဝ တိုင်းရင်းသားရိုးရာဇာတ်ကားအဖြစ် တက်တယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု အများကြီး ကွာခြားသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မမြင်နိုင်၊ မတွေ့နိုင်၊ မတွေးခေါ်နိုင်တဲ့ အရာတွေ […]
↧
ဗဂျီလင်းဝဏ္ဏရဲ့Scanning အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ
ဗဂျီလင်းဝဏ္ဏရဲ့Scanning အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ K (မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၈ ပန်းချီဆရာ ဗဂျီလင်းဝဏ္ဏရဲ့ Scanning အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင် ဆန်းကွင်းမြောက်ဘက်တိုက်တန်း၊ ဂျိုးဖြူလမ်း အမှတ် ၂၃ရှိ OK Art Galleryမှာ သြဂုတ်လ ၂၅ရက်မှ ၂၉ ရက်ထိပြသ သွားမယ်လို့သိရပါတယ်။ အဆိုပါ Scanning တကိုယ်တော်ပန်းချီပြပွဲဟာ ဗဂျီလင်းဝဏ္ဏရဲ့ဆယ်ကြိမ်မြောက်ဖြစ်ပြီး တကိုယ်တော်ပြပွဲများအဖြစ် ၁၉၉၆မှ စတင်ကာ လောကနတ်ပြခန်းမှာ Livingအမည်ရတဲ့ ပထမဆုံးအကြိမ် Solo Showကို ပြသခဲ့ပါတယ်။ Informal (၁၉၉၈) ၊ Mural Shock(၂၀၀၁)၊ Untitled (၂၀၀၂)၊ Survival (၂၀၀၈)၊ Lynn Wunna’s water color(၂၀၁၁)၊ Bagan’s Soul (၂၀၁၁)၊ Royal Women(၂၀၁၂)၊ Mythical Spirit(၂၀၁၇)တို့ကို ပြသခဲ့ပါတယ်။ အုပ်စုလိုက်ပြပွဲများကိုလည်း ၁၉၉၀မှစပြီး ဗိဿနိုးပြခန်းမှာ ပြုလုပ်ခဲ့တဲ့ Memories Of Bagyi Aung Soe မှာ ပါဝင်ပြသ ခဲ့ပါတယ်။ ဗဂျီလင်းဝဏ္ဏကို ၁၉၇၃ခု ဒီဇင်ဘာ၂၀ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ပန်းချီပညာကို ဦးလွန်းကြွယ်၊ ဦးအောင်ဒင်တို့ထံမှ သင် ယူခဲ့ပါတယ်။ မော်ဒန်အနုပညာနဲ့ပတ်သက်ပြီး ဗဂျီအောင်စိုးထံတွင် ၁၉၈၇မှ ၁၉၉၀ထိ သင်ယူခဲ့ပါတယ်။ လက်ရှိ စာနယ် ဇင်းလောက မဂ္ဂဇင်းသရုပ်ဖော်ပုံများ၊ စာအုပ်အဖုံးဒီဇိုင်းများရေးဆွဲလျက်ရှိပါတယ်။
↧
K-(ဓာတ်ပုံ- စိုးစံသစ်)- ကဗျာဆရာ ညွှန့်သစ် လေဖြတ်သွား၍ ရန်ကုန်ဆေးရုံကြီးတင်ထားရ
ကဗျာဆရာညွှန့်သစ်လေဖြတ်သွား၍ ရန်ကုန်ဆေးရုံကြီးတင်ထားရ K- (ဓာတ်ပုံ- စိုးစံသစ်) (မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၈ ကဗျာဆရာကြီး ညွှန့်သစ်ဟာ သြဂုတ်လ ၂၃ရက် နံနက်ခင်းတွင် အရေး ပေါ်ကျန်းမာရေးအခြေအနေအရ ရန်ကုန်ဆေးရုံကြီး အဆောင် ½ လေဖြတ်လူနာဆောင်အပေါ်ထပ် ခုတင်အမှတ် Cor 17 တွင် တင်ထား ရကြောင်းသိရပါတယ်။ ကဗျာဆရာညွန့်သစ်ရဲ့ဆေးရုံပေါ်က အခြေအနေနဲ့ပတ်သက်ပြီး စာရေးဆရာစိုးစံသစ်က “ ဦးနှောက်အာရုံကြောဆရာက သွေးကြောမှာ သွေးခဲဟုအဖြေထုတ်။ ရန်ကုန်ဆေးရုံကြီးအဆောင် ½ လေဖြတ်လူနာဆောင်အပေါ်ထပ် ခုတင်အမှတ် Cor 17 တွင် တင်ထား။ သတိကောင်း။ အခြေနေစောင့်ကြည့်ပြီး ထူးခြားရင် ချက်ချင်းဓာတ်မှန်ရိုက် / ချက်ချင်းပြန်စစ် / လိုအပ်တာဆက်လုပ်ရမယ်အနေထားမှာရှိတယ်။ စောင့်ကြည့်နေရဆဲပါ။ လောလောဆယ် ဆေးသွင်းထား။ ဝိုင်းဝန်းအကြံပြုကူညီပေးကြစေချင်ပါတယ် ” လို့ လူမှုကွန်ရက်ကနေ ရေးသားပြောဆိုထားပါတယ်။ ကဗျာဆရာကြီး ညွှန့်သစ်ဟာ အသက်(၇၆)နှစ်အရွယ်ရှိပြီး ပြီးခဲ့တဲ့လအနည်းငယ်ကမှ ဇနီးဖြစ်သူ ဒေါ်မြမြသန်းကွယ်လွန်ထားပါတယ်။ ကဗျာဆရာညွှန့်သစ် ကိုယ်ရေးအကျဉ်း အမည်ရင်း- ဦးစိုးညွှန့် ၁၉၄၂၊ နိုဝင်ဘာ ၂၄ ရက်ဖွား ဧရာဝတီတိုင်းဇကာကြီးရွာတွင် အဖ- ဦးအုန်းမောင်၊ အမိဒေါ်ညိုတို့မှ မွေးဖွား၊ေ မွေးချင်းညီအကို ၃ ယောက်အနက် ဒုတိယသား။ ၁၉၅၀ ပြည်တွင်းစစ်ဖြစ်ပွားနေချိန် ရန်ကုန်ရောက်။ ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအမှုဆောင်အဖွဲ့ဝင်။ ပထမဆုံးကဗျာစာမူ- ၁၉၇၁၊ မိုးဝေမဂ္ဂဇင်းမှာ ” ဒါပါပဲ ” ကဗျာဖြစ်။ စုပေါင်းကဗျာစာအုပ်များတွင်လည်း ပါဝင်ရေးသားခဲ့။ တကိုယ်တော်အနေနဲ့ ခါးသက်တဲ့အရသာ(၁၉၉၄)၊ ကောင်းကင်ပင်လယ် (၂၀၀၄) အင်္ဂလိပ်-မြန်မာနှစ်ဘာသာ (သားဂျာနယ်ကျော် မိုးဟိန်း အင်္ဂလိပ်ဘာသာ ပြန်ဆို) လုံးချင်းကဗျာစာအုပ် ၂ အုပ်ထုတ်ဝေထား။ ဇနီး- ဒေါ်မြမြသန်း(ကွယ်လွန်)၊ သား ၃ ဦးရှိ။ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ပုသိမ်လမ်းတွင်နေထိုင်ရင်း ကဗျာ၊ဆောင်းပါးများရေးသားလျက်ရှိ။ ။
↧
↧
ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေကာတွန်းပြပွဲ ရန်ကုန်၊ မန္တလေး တချိန်တည်း ကျင်းပ
ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေကာတွန်းပြပွဲ ရန်ကုန်၊ မန္တလေး တချိန်တည်း ကျင်းပ K (ဓာတ်ပုံ- ကာတွန်း-ကိုဟန်) ၊ မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၈ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကြီးမှူးကာ ကျင်းပသော ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကာတွန်းပြပွဲများကို ယနေ့ သြဂုတ်လ ၂၄ရက်မှ စတင်ကာ ရန်ကုန်မန္တလေးမြို့ကြီးနှစ်မြို့တွင် တချိန်တည်းကျင်းပပြုလုပ် လျက်ရှိပါတယ်။ အဆိုပါ ကာတွန်းဖြင့်ရေဘေးရန်ပုံငွေရှာဖွေပွဲများကို ရန်ကုန်မြို့တွင် မဟာဗန္ဓုလပန်းခြံရှေ့၊ မန္တလေးတွင်၂၆လမ်း၊ ၆၆× ၆၈လမ်းကြားတို့တွင် သြဂုတ်လ ၂၄ရက်မှ ၂၆ရက်တိုင် မနက် ၉နာရီမှ ညနေ ၆နာရီထိ ၃ရက်တိုင်တိုင်ပြသသွားမယ်လို့ သိရပါတယ်။ ပြပွဲတွင် ရောင်းချမည့်အကျီ င်္များပေါ်တွင် ကာတွန်းဆရာများမှ အမှတ်တရ ကာတွန်းများရေးဆွဲပေးကာ ရောင်းချလျက်ရှိပြီး ကာတွန်းဆရာ အယောက် ၁၀၀ ကျော်ရဲ့လက်ရာတွေကိုလည်း ပြသထားပါတယ်။ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေရှာဖွေပွဲ ကော်မ တီကိုဖွဲ့စည်းထားပြီး အဆိုပါကော်မတီတွင် ပွဲဖြစ်မြောက်ရေးတာဝန်ခံ မောင်မောင်ဖောင်တိန်၊ သတင်းနှင့်ပြန်ကြားရေး ၀င်းအောင်၊ ဘဏ္ဍာရေး ကိုရွှေထူး(ပြည်)၊ ဇာနည်ဇော်ဝင်း၊ အခမ်းအနားနှင့်ပြခန်းပြင်ဆင်ရေး ကိုဟန်၊ အက်စ်လယ်မှူး၊ ဧည့်ခံကျွေးမွေး စိုးသော်တာ၊ ကိုကိုအောင်၊ အောက်တိုဘာအောင်ကြီး၊ တီရှပ်ရောင်းချ မင်းထက်လူ၊ စုမြတ်ထွေး၊ ထိပ် ထားလေး၊ ဖျော်ဖြေရေး ထိန်သာ၊ အာကာ၊ လိုင်းလုဏ်၊ ဇ၀နသား၊ ပေါ်ကာ၊ ဟတ်ကော့၊ အထွေထွေ အော်ပီကျယ်၊ မိုး ထက်မိုးတို့ဖြစ်ပါတယ်။
↧
ခေတ်ပြိုင် အရှေ့တောင်အာရှ စာပေဆွေးနွေးပွဲ Yangon Book Plaza မှာပြုလုပ်မယ်
ခေတ်ပြိုင် အရှေ့တောင်အာရှ စာပေဆွေးနွေးပွဲ Yangon Book Plaza မှာပြုလုပ်မယ် K (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈ ငါတို့စာပေတိုက်မှ ကြီးမှူးကျင်းပမယ့် ခေတ်ပြိုင် အရှေ့တောင်အာရှ စာပေဆွေးနွေးပွဲကို လမ်းမတော်မြို့နယ်၊ သံဈေး၊ ငါးလွှာရှိ Yangon Book Plazaမှာ သြဂုတ်လ ၂၆ရက် နေ့လယ် နှစ်နာရီမှ လေးနာရီထိကျင်းပပြုလုပ်သွားမယ်လို့ သိရ ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးမယ့် စာရေးဆရာများကတော့ ဆရာ ဥာဏ်သစ်၊ ဆရာ ရာပြည့်၊ ဆရာ မိုးသက် ဟန်၊ ဆရာမြေမှုန်လွင်တို့ဖြစ်ပြီး ဘာသာပြန်ဆရာတွေရဲ့ ကျင့်ဝတ်တွေ ၊ အခက်အခဲတွေ၊ အရှေ့တောင်အာရှရဲ့ စာပေ ဒီရေ အနိမ့်အမြင့်တွေ၊ မြန်မာစာပေလောကနဲ့ အရှေ့တောင်အာရှ စာပေလောကကြားက ကွာဟချက်တွေကို အဓိက ဆွေးနွေးသွားမယ်လို့လည်းသိရပါတယ်။ ဆွေးနွေးပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ငါတို့စာပေလူမှုကွန်ရက်မှာ“ အိမ်နီးနားချင်း နိုင်ငံတွေမှာ ဘယ်လိုစာပေတွေ ခေတ် စားနေသလဲ၊ သူတို့တတွေ ဘယ်လိုရေးသားနေလဲ၊ ဒေသတွင်းနိုင်ငံတွေရဲ့ စာပေအဆင့်အတန်းဟာ ဘယ်လောက်ထိ ရောက်ရှိနေပြီလဲဆိုတာတွေ ကို ဆရာ ရာပြည့်၊ ဆရာ မိုးသက်ဟန်၊ ဆရာ ဥာဏ်သစ်တို့နဲ့ ဆရာမြေမှုန်လွငတို့်က ဆွေး နွေးသွားမှာပါ။ အရှေ့တောင်အာရှ စာပေရေးရာအကြောင်း ဆွေးနွေးတာမျိုး မြန်မာပြည်မှာ တစ်ကြိမ်တစ်ခါမှ ကျင်းပဖူး ခြင်း မရှိဘဲ အခုအကြိမ်ဟာ ပထမဆုံး ဆွေးနွေးကြတာမို့ ဘာသာပြန်လေ့လာလိုသူများ၊ စာပေစိတ်ဝင်စားသူများ လာ ရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်”လို့ ရေးသားပြောဆိုထားပါတယ်။ ဆွေးနွေးပွဲနဲ့အတူ စာရေးဆရာ ဥာဏ်သစ်၊ရာပြည့်၊ မိုးသက်ဟန်တို့ရဲဘာသာပြန်လက်ရာသစ် စာအုပ် ၃အုပ်အကြောင်းကို လည်း မိတ်ဆက်ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပြီး အဆိုပါ စာအုပ်၃အုပ်ကို ၂၀% အထူးလျှော့ဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
↧
မောင်လူပေ –မြန်မာ့ မူးယစ်ရာဇာ(၁)
မောင်လူပေ – မြန်မာ့ မူးယစ်ရာဇာ(၁) (မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈ ဟုတ်ကဲ့။ မူးယစ်ရာဇာပါ။ မူးယစ်ဆေးများ၏ ဘုရင်ပေါ့။ မူးရင် ရစ်တဲ့ မူးရစ်ရာဇာမဟုတ်။ မူးယစ်ရာဇာတွေက အများသား။ သူ့ခေတ်နှင့်သူ မူးယစ်ဆေးကလည်း မျိုးစုံ။ ကျွန်တော်တို့ခပ်ငယ်ငယ်ကတော့ နံပါတ်ဖိုးခေါ် ဘိန်းဖြူခေတ်။ အတော်ငွေကြေးပြည့်စုံသူမှ အနားကပ်လို့ရတဲ့ မူးယစ်ဆေး။ ဈေးကြီးသဖြင့် သာမန်လူတန်းစား မတတ်နိုင်။ နာမည်ကျော် အနုပညာရှင်တွေအများကြီး ဘိန်းဖြူသားကောင်ဖြစ်ခဲ့ကြသည်။ တစ်ချို့လည်း အဖမ်းခံရလို့ ထောင်ထဲရောက်။ ကမ္ဘာကျော် မူးယစ်ရာဇာကြီးတွေ ရှိခဲ့သည်။ ကိုလံဘီယာမှ ပါဘလို အက်စ်ကိုဘာတို့ဆိုရင် သူ့ခေတ်က ဒေါ်လာဘီလီယံပေါင်း သုံးဆယ်ကျော်အထိ ချမ်းသာခဲ့သည်။ ယခုခေတ်ဒေါ်လာနှင့်ဆိုလျှင် (၅၆)ဘီလီယံမျှရှိသည်။ ထောင်ထဲရောက်နေတဲ့ မူးယစ်ရာဇာကြီး အယ်လ်ချာပို ဆိုလည်း တစ်နှစ်ဝင်ငွေ တစ်ဘီလီယံရှိသည်တဲ့။ မြန်မာပြည်က မူးယစ်ရာဇာတွေလည်း မခေ။ မူးယစ်ရာဇာတို့၏ ထုံးစံအတိုင်း တောတွင်းလက်နက်ကိုင်တွေ။ မြန်မာ့မူးယစ်ရာဇာတို့၏ နံပါတ်ဝမ်းကြီးဖြစ်သော ဘိန်းဘုရင်လော်စစ်ဟန်ဆိုတာလည်း ကမ္ဘာကျော်ပဲ။ သူကကိုးကန့် ကာကွယ်ရေးတပ်ဖွဲ့ ဟု အမည်ရသည့် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်။ ရှမ်းပြည်ကိုအခြေစိုက်နေတဲ့ ဗကပများကို တိုက်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းက သူနှင့် မဟာမိတ်ပြုခဲ့ရာမှ မြန်မာ့တပ်မတော်နှင့် ရင်းနှီးခဲ့သည်။ ရှမ်းပြည်နယ် ရွှေတြိဂံဒေသဆိုတာ ဘိန်းထွက်တဲ့ နေရာ။ သူ့တပ်တွေရပ်တည်ရေးအတွက် ဘိန်းကုန်ကူးသည်။ သူအဓိက ပို့ချင်တာက အနောက်နိုင်ငံများ။ ဒီတော့ ထိုင်းကိုဖြတ်ပြီး ပို့ရသည်။ ၁၉၆၃မှ ၁၉၇၃အထိ ဆယ်နှစ်အတွင်း ဘိန်းဖြူ တန်နှစ်ဆယ်ကျော်မျှ ပို့ခဲ့သည်။နယ်မြေခံအစိုးရစစ်တပ်မှ တပ်မှူးကြီးများကို ဆက်ကြေးပေးပြီး ဖြတ်သန်း၊ ပြည်တွင်း ပြည်ပ ဖြန့်ဖြူး။ သူဘိန်းဘုရင်လုပ်ခဲ့ရတာ သွားလာရေးခက်ခဲလှသော တောင်ပေါ်ဒေသမှ ကိုးကန့်ပြည်သူများအတွက်ဟု ဆိုသည်။ ဆင်းရဲလှသောနယ်သားများ၏ ထွက်ကုန်များကို ရောင်းချနိုင်အောင် ကူညီပေးခဲ့သည်ဟု ဂုဏ်ယူခဲ့သည်တဲ့။ အမေရိကန်အစိုးရက ဖိအားပေးတော့ ထိုင်းရဲက သူ့ကိုဖမ်းပြီး မြန်မာအစိုးရလက်ကို ၁၉၇၃မှာ အပ်ခဲ့သည်။ သူ့ကိုဖမ်းပြီး အမှုစစ်တော့ မြန်မာ့တပ်မတော်ကို ပေးကမ်းခဲ့ရသမျှ ဘူးပေါ်သလိုပေါ်တော့ တပ်မှူးကြီးတွေ တစ်ယောက်ပြီးတစ်ယောက်ပြုတ်ကြသည်။ ပထမပိုင်းမှာ သတင်းစာက အမှုအကြောင်း ဖေါ်ပြခဲ့သော်လည်း မြန်မာ့တပ်မတော်မှ တပ်မှူးများ ပတ်သက်နေ၍ နောက်ပိုင်းတွင် သတင်းစာမှာ မထည့်တော့။ သေဒါဏ်ကျခံစေအမိန့်ချခဲ့သည်။ သို့သော် တပ်မတော်နှင့် မကင်းရာမကင်းကြောင်းလည်းဖြစ်၊ ဗကပကို ဆန့်ကျင်သူလည်းဖြစ်၊ တိုင်းရင်းသားတပ်တစ်ခု၏ ခေါင်းဆောင်လည်း ဖြစ်နေလေတော့ ၁၉၈၀လောက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်ပေးခဲ့သည်။ ၁၉၈၈ အရေးတော်ပုံကြီးအပြီး ၁၉၈၉ မှာ ဗကပပြိုကွဲဖို့ သူက အများကြီး ကူညီခဲ့သူပါပဲ။ ကိုးကန့်ခေါင်းဆောင်ကြီး ဖြစ်ခဲ့သူမို့ သြဇာရှိလေတော့ လက်ရှိကိုးကန့်တပ်၏ခေါင်းဆောင် ဦးဖုန်ကျားရှင်ကို နားချပြီး ဗကပမှခွဲထွက်စေသည်။ ဝခေါင်းဆောင် ဘိန်းဘုရင်တွေကလည်း သူ့အကူအညီနှင့်ပင် ဗကပနှင့်ခွဲထွက်ကာ တပ်မတော်နှင့် ပူးပေါင်းကြသည်။ ဒီလိုဖြစ်လာဖို့ ဗိုလ်ချုပ်အောင်ကြီးက ကြားဝင် စေ့စပ်ပေးခဲ့သည်တဲ့။ မြန်မာ့တပ်မတော်နှင့် ဘိန်းဘုရင်ကြီး ဦးလော်စစ်ဟန်တို့၏ ပတ်သက်မှုက အကြီးကြီး။ သူ့အကူအညီတွေက ဤမျှသာမဟုတ်။ အာဏာသိမ်းစ ငွေကြေးအခက်တွေ့နေသော စစ်ခေါင်းဆောင်တွေအတွက်လည်း သူပိုင်သောငွေများနှင့် ကူညီခဲ့သည်။ ကြီးမားသော ရင်းနှီးမြှုတ်နှံမှုတွေ လုပ်ခဲ့သည်။ ၁၉၉၀မှာ ထင်ပေါ်လာတဲ့ “အေးရှားဝေါ” ကုမ္ပဏီကြီးက သူ၏ အင်ပါယာကြီးပါပဲ။ ဘိန်းမှရသောငွေများကို တိုင်းပြည်တိုးတက်ရေးအတွက် ကူညီခဲ့သည့် သူ့ကျေးဇူးတွေကို မြန်မာ့တပ်မတော်ကြီးကလည်း မမေ့ခဲ့ပါ။ အခမ်းအနားကြီးတွေမှာ သူ့ကိုဖိတ်ခေါ်ဂုဏ်ပြုခဲ့ပါသည်။ […]
↧
ထက်ခေါင်လင်း (Myanmar Now) ● ရိုက်တာသတင်းထောက်များကို လာမည့် ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်
ထက်ခေါင်လင်း (Myanmar Now) ● ရိုက်တာသတင်းထောက်များကို လာမည့် ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည် (မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၈ (ရန်ကုန်) – အစိုးရလျှို့ဝှက်စာတမ်းများကို နိုင်ငံခြားသတင်းဌာနများအား ရောင်းစားရန် ကြံစည်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအရ စွဲချက်တင် စစ်ဆေးခံနေရသော ရိုက်တာ (Reuters) သတင်း ထောက်နှစ်ဦးကို ယခုလ ၂၇ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည်ဟု ရန်ကုန် မြောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး ဦးရဲလွင်က ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။ ယနေ့တရားခွင်တွင် တရားလို၊ စွပ်စွဲခံရသူ နှစ်ဖက်လုံး၏ ရှေ့နေများက အပြီးသတ်လျှောက်လဲခဲ့ကြပြီး စွပ်စွဲခံရသူများက မြန်မာနိုင်ငံ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် တရားမျှတသော ဆုံးဖြတ်ချက်များ ချမှတ်မည်ဟု မျှော်လင့်ကြောင်း တရားခွင်အပြီးတွင် ပြောသည်။ ရိုက်တာ သတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင် (ဓာတ်ပုံ – ကေဇွန်နွေး) “ကျွန်တော်တို့ဟာ သတင်းသမားဖြစ်တဲ့အတိုင်း သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူ ခဲ့တာဖြစ်ပါတယ်။ ကျွန်တော် တို့ ဘာအပြစ်တစ်ခုမှ မလုပ်ခဲ့ပါဘူး။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ကို မျှတတဲ့စီရင်မှုမျိုး ရလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု တရားစွဲခံထားရသူ သတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင်က တရားခွင်မှအထွက်တွင် သတင်းထောက်များကို ပြောသည်။ ထို့အပြင် လက်ဝယ်တွေ့ရှိသည်ဆိုသည့် လျှို့ဝှက်စာရွက်များ၊ ဖုန်းအတွင်းမှ တွေ့ရှိသည့်စာရွက်များနှင့် ပက်သက်ပြီး တရားလိုဘက်က သက်သေထင်ရှား မပြနိုင်သေးသည့်အပြင် လျှို့ဝှက်ချက်ဥပဒေ ပြဋ္ဌာန်းချက်တွင် “ရန်သူသို့ ပေးပို့ခြင်း”ဆိုသည့် အချက်နှင့် ကိုက်ညီမှုရှိစေရန် ရခိုင်လက်နက်ကိုင်အဖွဲ့ ဖြစ်သော ရက္ခိုင့်တပ်မတော် (AA) မှ အရာရှိများ ၏ ဖုန်းနံပတ်များကို မှတ်စုစာအုပ်တွင် တွေ့ရှိသည်ဆိုသည့် အချက်ကိုထည့်သွင်းပြောကြားခဲ့သည်ဟု စွပ်စွဲခံရသူများ၏ ရှေ့နေ ဦးခင်မောင်ဇော်က တရားခွင်အပြီးတွင် မှတ်ချက်ပြုသည်။ စွပ်စွဲခံရသူများသည် သတင်းထောက်များဖြစ်ကြောင်း ရုံးတော်တွင် ထင်ရှားပြီးဖြစ်သလို ရခိုင်ပြည်နယ်တွင် လုံခြုံရေး အဖွဲ့အစည်းများ၏ တရားမဝင်လုပ်ရပ်များကို စုံစမ်းဖော်ထုတ်နေမှု ရပ်တန့်ရေးအတွက် ထောင်ချောက်ဆင်ဖမ်းဆီးခြင်းကို တရားလိုပြသက်သေဖြစ်သူ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က အသေးစိတ် ထွက်ဆိုသွားပြီးဖြစ်ကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသော တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က စတင်လျှောက်လဲခဲ့သည်။ ထို့အပြင် လက်ဝယ်တွေ့ရှိခဲ့သည့် လျှို့ဝှက်စာများဆိုသည်က မည်သို့လက်ထဲရောက်နေကြောင်းကို တရားလို ဘက်က သက်သေမပြနိုင်သလို ၎င်း၏အမှုသည်များ အပြစ်ရှိနေကြောင်း ထင်ရှားအောင် သက်သေ မပြနိုင်ခဲ့ ကြောင်း၊ ဖုန်းအတွင်းမှ လျှို့ဝှက်စာများ တွေ့ရှိသည်ဆိုသည့် အချက်များအားလုံးကလည်း ရန်သူများ အသုံးပြုရန် သို့မဟုတ် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကို ထိခိုက်အောင် မသမာသည့်နည်းလမ်းဖြင့် အသုံးပြုရန်၊ ပေးပို့ရန်ဖြစ်ကြောင်းကိုလည်း တရားလိုဘက်က သက်သေမပြနိုင်ခဲ့ကြောင်း ဆက်လက်လျှောက်လဲသည်။ တရားလိုဘက်ကမူ သတင်းထောက်နှစ်ဦး၏ဖုန်းအတွင်း တွေ့ရှိခဲ့သည့် လျှို့ဝှက်စာရွက်များကလည်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းသုံးလက်စွဲတွင် ထိပ်တန်းလျှို့ဝှက်အဆင့် များ ဖြစ်ကြောင်း၊ ထိုလုံခြုံရေး အဆင့်သတ်မှတ်ထားသည့် စာရွက်များသည် သတင်းထောက်များနှင့် စပ်ဆိုင်မှုမရှိ၊ တောင်းယူခွင့်မရှိသည့် စာရွက် စာတမ်းများဖြစ်နေကြောင်း လျှောက်လဲသည်။ “ရိုက်တာသတင်းဌာနဆိုတာ နိုင်ငံခြားသတင်းဌာန။ တာဝန်ထမ်းဆောင်နေသူတွေက သူတို့တွေ။ စွပ်စွဲခံရသူတွေကို ဒေါ်လာနဲ့ပေးတာ။ သူတို့ဆောင်ရွက်ရတာက ရိုက်တာသတင်းဌာနအကျိုး။ ငွေပေးသူက သတင်းယူတယ်။ ဒါ သတင်း ရောင်းစားတဲ့ သတင်းဌာနဖြစ်တယ်”ဟု […]
↧
↧
အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်း ကွယ်လွန်ရှာပြီ
အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်း ကွယ်လွန်ရှာပြီ မောင်လူပေ၊ (မိုးမခ) သြဂုတ်၂၅၊ ၂၀၁၈အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်းဟာ ဒီနေ့(25/08/18) စနေ ညနေပိုင်းမှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါပြီ။ သူကွယ်လွန်ချိန်မှာ အသက်(၈၁)နှစ်ရှိပြီဖြစ်ပြီး မိန်းမ နဲ့ ကလေး ခုနှစ်ယောက်ကျန်ရစ်ပါတယ်။ ဆီနိတ်တာမက်ကိန်းဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖိနှိပ်ခံမြန်မာပြည်သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောက်လျှောက်အားပေးထောက်ခံခဲ့သူ တစ်ယောက်ဖြစ်လို့ မြန်မာပြည်သူများအတွက်လည်း ဆုံးရှုံးမှုတစ်ခုလို့ ဆိုရင်မမှားပါ။ ဆီနိတ်တာမက်ကိန်းရဲ့အဖိုးနဲ့အဖေတို့ဟာ အမေရိကန်စစ်တပ်ရဲ့ ကြယ်လေးပွင့်ဗိုလ်ချုပ် တွေဖြစ်ပြီး သူကိုယ်တိုင်ကလည်း အမေရိကန်လေတပ်မှာ လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဗီယက်နမ်စစ်ပွဲအတွင်း သူ့လေယာဉ်ပစ်ချခံရတဲ့အတွက် ဗီယက်နမ်တွေလက်ထဲမှာ စစ်သုံ့ ပမ်းအဖြစ် ငါးနှစ်ခွဲခန့် နှိပ်စက်ညှင်းပမ်းခံခဲ့ရတယ်။ (ဖြည့်စွက် – ဗီယက်နမ်တွေက မက်ကိန်းကို အမေရိကန်ကစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားဖြစ်တာကြောင့် အပေးအယူအဖြစ် လွှတ်ပေးမယ် ကမ်းလှမ်းသော်လည်း သူ့တပ်သားတွေနဲ့အတူ သုံပန်းအဖြစ် ရပ်တည်နေထိုင်ခဲ့ပါတယ်၊ တကိုယ်ရည်လွတ်မြောက်မှုကို မရွေးခဲ့ပါ) နှိပ်စက်ခံခဲ့ရမှုတွေကြောင့် ဘဝတစ်လျှောက်လုံးမှာ ခြေတစ်ဖက် သိသိသာသာ ဆာသွားခဲ့ရသလို သူ့လက်တွေကလည်း ပုခုံးကိုကျော်ပြီး မြှောက်လို့မရတော့။ စစ်သုံ့ ပန်းဘဝက လွတ်လာပြီးဆယ်နှစ်အကြာ ၁၉၈၂မှာ အမေရိကန်နိုင်ငံရေးလောကထဲရောက်လာခဲ့တယ်။ ကွန်ဂရက်အမတ်အဖြစ် လေးနှစ်တာတာဝန်ယူခဲ့ပြီး ဆီနိတ်တာအဖြစ် ငါးကြိမ်တိုင် ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ မက်ကိန်းဟာ သူသေဆုံးချိန်အထိ နိုင်ငံရေးသမားဘဝကိုခံယူခဲ့တယ်။ အာရီဇိုးနားပြည်နယ်ရဲ့ဆီနိတ်တာဘဝနဲ့ အမေရိကန်ပြည်သူတွေကို နောက်ဆုံးအချီန်ထိ အလုပ်အကျွေးပြုခဲ့တယ်။ ဆီနိတ်တာမက်ကိန်းဟာ ဘဝအမြင်ရိုးရှင်းသလို တဖက်သားအပေါ်မှာလည်း ဖိနှိပ်လိုစိတ်မရှိ။ အမှန်ဖက်ကပဲအမြဲရပ်တည်ခဲ့တယ်။ သူနဲ့ အိုဘာမားတို့ရဲ့ ၂၀၀၈ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတစ်ခုအတွင်း သူ့ရဲ့ထောက်ခံသူအမျိုးသမီးက အိုဘားမားဟာ အာရပ်တစ်ဦးဖြစ်လို့ မကြိုက်နှစ်သက်ကြောင်း ပြောတဲ့အခါ သူက” အိုဘားမားဟာ အာရပ်မဟုတ်ကြောင်း၊ မိသားစုကိုချစ်တတ်တဲ့သူ၊ အမေရိကန်တစ်ဦးသာ ဖြစ်ကြောင်း၊ နိုင်ငံရေးခံယူချက်အမြင်တွေ မတူညီတာကလွဲရင် အိုဘားမားကို သူလေးစားကြောင်း” တွေ ပြောပြခဲ့တယ်။ ပြိုင်ဖက်ကို မနှိမ်ပဲ၊ မကောင်းတဲ့အချက်တွေနဲ့မတိုက်ခိုက်ပဲ ရိုးသားစွာပဲ ယှဉ်ပြိုင်ခဲ့တယ်။ ရွေးကောက်ပွဲမှာ အိုဘားမားအနိုင်ရတဲ့အခါမှာလည်း အနိုင်ရသူအတွက် ဝမ်းသာစကားပြောကြားပြီး သူ့ အရှုံးအတွက် လက်ခံခဲ့တယ်။ ဆီနိတ်တာမက်ကိန်းဟာ အမေရိကန်သမ္မတ ထရန့်နဲ့တော့ ကောင်းမွန်တဲ့ဆက်ဆံရေး မရှိ။ ထရန့်ရဲ့ လဝကဥပဒေပြောင်းလည်းမဲ့ အကြံဉာဏ်တွေဟာ ရူးနှမ်းတဲ့လုပ်ရပ်တွေပဲလို့ တောက်လျှောက်ဝေဖန်ခဲ့သလို အမေရိကားသာ ပထမဆိုပြီး ကမ္ဘာ့ခေါင်းဆောင်ဘဝက နှုတ်ထွက်ဖို့ ကျိုးစားမှုတွေကိုလည်း မှားယွင်းကြောင်း ထောက်ပြခဲ့တယ်။ သူ့ကိုအနိုင်ယူခဲ့သူ သမ္မတအိုဘားမားရေးဆွဲခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအာမခံဥပဒေကို ပယ်ဖျက်ဖို့ ဆီးနိတ်မှာ မဲခွဲကြတဲ့အခါမှာလည်း ဦးနောက်ကင်ဆာဖြစ်နေလို့ ဆေးကုသမှုခံယူနေရတဲ့ကြားက ဆီးနိတ်ကို ရောက်ရှိလာပြီး ကျမ်းမာရေးစောင့်ရှောက်မှုဥပဒေ အသစ်မရေးနိုင်သေးပဲ ရှိနေတဲ့ဥပဒေပယ်ဖျက်မှုကို လက်မခံကြောင်း၊ သူဆန့်ကျင်ကြောင်း မဲပေးခဲ့လို့ အိုဘားမားကဲကို ဖျက်သိမ်းဖို့ သမ္မတထရန့်ရဲ့ ကျိုးစားမှုတွေအရာမထင်ခဲ့။ (ဖြည့်စွက် – မက်ကိန်းဈာပနအစီအစဉ်မှာ သူ့နောက်ဆုံးမှာကြားချက်အရ သမတဟောင်းတွေဖြစ်ကြတဲ့ အိုဘားမား၊ ဂျော့ဘွတ်ကို ဖိတ်ခိုင်းပါတယ်။ သူတို့ကို ဈာပနမှာ အမှတ်တရစကားပြောပေးပါ … တဲ့။ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်ကိုတော့ လုံးဝ လုံးဝ မဖိတ်ပါ။ လာစရာမလိုပါတဲ့ … သေသည်အထိ နိုင်ငံရေး ပြတ်သားမှုကို ပြသွားပါတယ်။)သူဟာ သူ့ဘဝတစ်လျှောက် ရိုးသားစွာရပ်တည်ခဲ့သလို ခံယူချက်တွေကလည်း မှန်ကန်ခဲ့လို့ ဒီမိုကရက်အမတ်တွေရဲ့ လေးစားမှုကိုပါ ရရှိခဲ့တဲ့ ရှားရှားပါးပါး ရီဗာဗလစ်ကင်ဆီနိတ်တာတစ်ဦးဆိုလည်း မမှားပါဘူး။ ပါတီအရေးထက် အမေရိကန်ပြည်သူတွေရဲ့အရေးကိုသာ အမြဲဦးစားပေးဆုံးဖြတ်ခဲ့သူ၊ ဘဝကို ရိုးရှင်းစွာမြင်တတ်သူ ဆီနိတ်တာမက်ကိန်းဟာ သူရဲ့နောက်ဆုံးအချိန်တွေမှာ ဦးနှောက်ကင်ဆာရောဂါနဲ့တိုက်ပွဲဝင်ရင်း […]
↧
ထိုက်နန္ဒာဝင်း (Myanmar Now) ● အရပ်ဘက်ပဋိပက္ခ လျော့ကျလာသော တအာင်းဒေသ
ထိုက်နန္ဒာဝင်း (Myanmar Now) ● အရပ်ဘက်ပဋိပက္ခ လျော့ကျလာသော တအာင်းဒေသ (မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈ မရပ်နိုင်သေးသောတိုက်ပွဲတို့ကြောင့် ဖြစ်ပေါ်လာသည့် ရှမ်းနှင့်ပလောင်ကြား စိတ်ဝမ်းကွဲခြင်း၊ နားလည်မှု လွဲမှားခြင်းတို့ကို အများအားဖြင့် ပြန်လည် ကုစားနိုင်ပြီဖြစ်သည် (လားရှိုး) — ရှမ်းပြည်နယ်၊ နမ္မတူမြို့မှ ကားဖြင့် မိနစ်၂ဝ ခန့် မောင်းသွားရသည့် တောင်ပေါ်ဒေသ တစ်နေရာတွင် သွပ်မိုး၊ ထရံကာ တန်းလျား ရှည်ကြီး ရှိနေသည်။ အခန်းငယ်များဖြင့် ဖွဲ့စည်းထားသော ထိုတန်းလျားမှာ ရှမ်းနှင့် ပလောင်တိုင်းရင်းသားများ ခိုလှုံရာ ကြူဆော့စစ်ရှောင်စခန်းဖြစ်သည်။ ညနေပိုင်းသဲသဲမဲမဲရွာနေသည့် မိုးက တောင်ပေါ်ဒေသ၏ ချမ်းအေးမှုကိုပိုကဲစေရန် အထောက် အပံ့ပေးထားရာ ဤရာသီဥတုတွင် စောင်ထူထူအတွင်း ဝင်ကွေးသင့်သော်လည်း အသားညိုညို၊ အရပ်ပုပု တာထွန်းလူတွင်မူ ထိုသို့ လုပ်နိုင်သည့် အခြေအနေ မရှိချေ။ မိုးမလင်းမီကပင် စိုက်ခင်းတွင် ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး စခန်းသို့ ပြန်ရောက်လာသော ပလောင်အမျိုးသား တာထွန်းလူသည် ဆာလောင်၍ ငိုကြွေးနေသည့် သမီး နှစ်ယောက်ကို ထိန်းကျောင်းနေရသည်။ ရှမ်းတိုင်းရင်းသူ ဇနီးသည်က ညစာချက်ပြုတ်ရန် မီးမွှေးနေသည်။ စစ်ရှောင်ပြေးလာသော ရှမ်း၊ တအာင်း ဒုက္ခသည်တို့ ခိုလှုံခဲ့သည့် လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်း (ဓာတ်ပုံ – စန္ဒာမော်/Myanmar Now) မန်တုံမြို့နယ်၊ မန်နားရွာတွင် နေထိုင်ခဲ့ကြသော ၎င်းတို့မိသားစုသည် မကြာသေးမီနှစ်များအတွင်း ပလောင်၊ ရှမ်း လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ဤစခန်းသို့ လာရောက် ခိုလှုံနေကြခြင်း ဖြစ်သည်။ သူတို့၏ ၁၁ နှစ်အရွယ် သားဖြစ်သူကိုမူ မန္တလေးရှိ မိဘမဲ့ဂေဟာတစ်ခုသို့ ပို့ထားရသည်ဟု တာထွန်းလူက ပြောပြသည်။ “ချစ်ခင်သူအချင်းချင်း ဝေးစေတဲ့ တိုက်ပွဲတွေကို စိတ်နာတယ်” ဟု ၎င်းက ကြေကွဲစွာ ပြောပြသည်။ တိုက်ပွဲများကြောင့် ဒေသတွင်း အတူတကွ နေထိုင်ကြသည့် ရှမ်းနှင့် ပလောင်ကြား ရုတ်တရက် စိတ်ဝမ်းကွဲသွားပြီး ဆက်ဆံရေး တင်းမာခဲ့ကြသည်။ ယခုအခါ ဒေသခံများကြားတွင် အချင်းချင်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းလာကြသော်လည်း တိုက်ပွဲများက ရပ်စဲမည့် အရိပ်အရောင် မပေါ်သေးပေ။ ● ပလောင်မှ တအာင်းသို့ “လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးစေ” ဟူသော စကားပုံကြောင့် ပလောင်လူမျိုးကို အများက သိကြပြီးဖြစ်သည်။ ရှမ်းပြည်နယ် တောင်ပေါ်ဒေသ လက်ဖက်စိုက်ပျိုး ထုတ်လုပ်ကြသူများထဲတွင် ပလောင် ခေါ် တအာင်း တို့လည်း အများအပြား ပါဝင်သည်။ တအာင်းသည် တောင်ပေါ်တွင်နေသောလူမျိုး ဟု အဓိပ္ပာယ်ရသည်။ “ပလောင်” ဟု မခေါ်ဘဲ “တအာင်း” ဟု ခေါ်ဝေါ်သုံးစွဲရန် တောင်းဆို လှုံ့ဆော်မှု ပေါ်ပေါက်လာသည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး ထိုသို့ တောင်းဆိုသူများထဲတွင် တအာင်း စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ကျော်လည်း ပါဝင်သည်။ “ကိုယ့်လူမျိုးကို ကိုယ်နှစ်သက်တဲ့ အခေါ်အဝေါ်အတိုင်းပဲ အများက ခေါ်ဝေါ်သုံးစွဲတာ မြင်ချင်၊ ကြားချင်တာပေါ့” ဟု ၎င်းက ပြောသည်။ ဒေသခံအရပ်သားများကြားတွင်မူ ပလောင်၊ တအာင်း နှစ်မျိုးစလုံးကို ရောနှော အသုံးပြုနေကြသည်။ တအာင်းလက်နက်ကိုင်အဖွဲ့၏ အင်တာနက်စာမျက်နှာတွင်မူ “တအာင်း” လူမျိုးဟု ဖော်ပြခဲ့သော်လည်း ယခုနောက်ပိုင်း […]
↧
စစ်ဘေးရှောင်စခန်းတွင် သောင်တင်ကြခြင်း (ဓာတ်ပုံအက်ဆေး) စန္ဒာမော် (Myanmar NOW)
စန္ဒာမော်/Myanmar Now ● စစ်ရှောင်စခန်းတွင် သောင်တင်ကြခြင်း (ဓာတ်ပုံအက်ဆေး) (မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈ လက်နက်ကိုင်အဖွဲ့ အများအပြား အခြေစိုက်ရာ ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ တိုက်ပွဲ အများဆုံးဖြစ်ပွားတဲ့ဒေသတစ်ခုပါ။ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကြား တိုက်ပွဲတွေ ရှိသလို ဒေသတွင်း အဖွဲ့တွေကြားမှာလည်း တိုက်ပွဲတွေ ရှိတတ်ပါတယ်။ တိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေက မတူညီကြပါဘူး။ တူညီတာ တစ်ခုကတော့ စစ်ရေးပြင်ဆင်ပြီ၊ တိုက်ကြ ခိုက်ကြပြီဆိုရင် ဒေသခံပြည်သူများ နေရပ်စွန့်ကြ၊ ထွက်ပြေးတိမ်းရှောင်ကြရခြင်းပါပဲ။ မကြာသေးခင်က နမ္မတူမြို့ကို ရောက်ရှိစဉ်မှာ စစ်ရှောင်စခန်းတချို့ကို တွေ့ရပါတယ်။ အဲဒီထဲက ကေဘီစီစခန်းလို့ ဒေသခံတွေ ခေါ်ကြတဲ့ ခိုလှုံစရာနေရာကတော့ သက်တမ်း ဆယ်စုနှစ် ထက်ဝက်ကျော်လာပြီလို့ ဆိုပါတယ်။ အဲဒီမှာ ကချင်တိုင်းရင်းသားအများအပြားကို တွေ့ရမှာပါ။ လီဆူတိုင်းရင်းသားတွေခိုလှုံရာ စခန်းတစ်ခုကိုလည်း တွေ့ရပါလိမ့်မယ်။ ကြူဆော့ အမည်ရ စခန်းမှာတော့ ရှမ်း၊ တအာန်း (ပလောင်) တိုင်းရင်းသား စုစုပေါင်း သုံးရာနီးပါး ရှိနေပါတယ်။ တအာန်းလက်နက်ကိုင်အဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ တစ်ခု မကြာခဏ ပစ်ခတ် တိုက်ခိုက်နေကြပေမယ့် ဒီစခန်းမှာတော့ တအာန်းတွေရော၊ ရှမ်းတွေပါ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြတာ တွေ့ခဲ့ရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေါင်းစဉ်တွေက မည်သို့ပင်ဖြစ်နေပါစေ.. အကျိုးဆက်ကိုခံစားရတဲ့ ဒေသခံတိုင်းရင်းသားတွေကတော့ ကြုံလာသမျှ အတူတကွ ရင်ဆိုင်ကျော်ဖြတ်နေကြတာပါ။ ပန်သပြေ တအာန်း(ပလောင်) ဒုက္ခသည်စခန်း နဲ့ ကြူဆော့စခန်း ပုံရိပ်တွေထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။ နေ့ခင်းပိုင်းဆိုရင် စခန်းထဲမှာ လူအများကြီး မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နံနက် ၄ နာရီလောက်ကတည်းက အများအပြားဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့ စခန်းထဲက ထွက်ကြလို့ပါ။ ညမှောင်ချိန်မှာ စခန်းကိုပြန်လာကြမှာပါ။ တချို့က ကိုယ်ပိုင်တောင်ယာရှိပြီး တချို့ကတော့ မြေငှားပြီး လုပ်ကိုင်ကြပါတယ်။ ဝင်ငွေရလမ်းတစ်ခုခုရှိမှ ကျန်းမာရေး၊ ကလေးတွေရဲ့ ပညာရေးအတွက် အဆင်ပြေမှာပါ။ ဒါမှသာ မိသားစုတွင်းက ပညာသင်ကြားနေသူတွေနဲ့ ကျန်းမာရေးချို့တဲ့သူတွေကို ထောက်ပံ့နိုင်ပါလိမ့်မယ်။ ၂ဝ၁၇ ဖေဖော်ဝါရီမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီစခန်းမှာ ကျေးရွာ ၈ ခုက ဒေသခံတွေ ခိုလှုံနေကြတာပါ။ ရွေ့လျားဈေးသည်တချို့က စခန်းကို ရောက်လာတတ်ပါတယ်။ သူတို့ဆီမှာ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်ကအစ မုန့်ပဲသရေစာအဆုံး ရရှိနိုင်ပါတယ်။ မီးဖိုမှာ ချက်ပြုတ်နေတဲ့ ရှမ်းအမျိုးသမီး တစ်ဦး။ တောင်ယာသွားသူတွေ စခန်းပြန်ရောက်ချိန်မှာတော့ ညစာ ပြင်ဆင်ချက်ပြုတ်ကြပါတယ်။ နောက်တစ်နေ့ လုပ်ငန်းခွင်ကို ယူသွားမယ့် အစားအစာအတွက်လည်း ပြင်ဆင်ကြပါတယ်။ မီးဖိုဆောင်ထဲက တအာန်းအမျိုးသမီးနဲ့ သူ့ရင်သွေးငယ်။ စခန်းအလယ်က ခန်းမကိုတော့ ထောက်ပံ့ရေးပစ္စည်းတွေ ရောက်လာချိန်၊ အစည်းအဝေးလုပ်ချိန်တွေမှာ သုံးပါတယ်။ အသက် ၇ဝ ဝန်းကျင် ဇနီးမောင်နှံမှာ ကူညီမယ့် သားထောက်သမီးခံ မရှိကြပါဘူး။ အမျိုးသမီးက ရှမ်း၊ အမျိုးသားက ကချင်ပါ။ သက်ကြီးရွယ်အိုတွေ၊ လုပ်ငန်းခွင်က ပြန်လာကြတဲ့သူတွေရဲ့ ရေနွေးဝိုင်းမှာ တစ်နေ့တာ အတွေ့အကြုံတွေ၊ သတင်းစကားတွေ ပါဝင်တတ်ပါတယ်။ သူတို့ရဲ့ နေရပ်ရင်းမှာ တိုက်ပွဲတွေ ထပ်မဖြစ်တော့ဘူးလို့ အာမ မခံနိုင်တာကြောင့် သူတို့တွေ အိမ်ပြန်ချင် စိတ်ရှိကြပေမယ့်လည်း စခန်းထဲ ဆက်လက်သောင်တင်နေကြပါတော့တယ်။ ။
↧
ကိုသန်းလွင် –သတင်းစာလွတ်လပ်ခွင့်
ကိုသန်းလွင် – သတင်းစာလွတ်လပ်ခွင့် (မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၈ (၁) ဘော်စတန်ဂလုပ် (Boston Globe) သတင်းစာကြီးမှ လွန်ခဲ့သည့်ကြာသပတေးနေ့ (၁၆-သြဂုတ်) က သတင်းစာများတွင်ခေါင်းကြီးအဖြစ် “သတင်းစာများ၏လွတ်လပ်ခွင့်” အမည်နှင့် ရေးကြပါရန်ဆော်သြ ခဲ့သည်၊ သမ္မတမစ္စတာထရန့်၏မကြာမကြာ သတင်းစာများကို တိုက်ခိုက်လေ့ရှိသောကြောင့် သတင်း စာများ၏ လွတ်လပ်ခွင့်ကိုရေးသား တောင်းဆိုသင့်သည်ဟု ယူဆသောကြောင့်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် အထင်ကရ သတင်းစာများဖြစ်ကြသော နယူးရော့တိုင်းအပါအ၀င် သတင်းစာ ပေါင်း များစွာက ရေးသားကြမည်ဟု ကတိပြုကြသည်၊ ၄င်းတို့တွင် အပြည်ပြည်ဆိုင်ရာကျော်ကြား သော သတင်းစာများနှင့်အတူ စောင်ရေ ၄၀၀၀ ခန့်သာ ရောင်းရသော အပတ်စဉ်ထုတ် ဂျာနယ်များ အထိ ပါဝင်ကြပါသည်၊ သောကြာနေ့က သတင်းစာပေါင်း ၇၀ ကရေးသားပါမည်ဟုကတိပြုကြသည်၊ အင်္ဂါနေ့ရောက်သောအခါ အစောင်၂၀၀ ဖြစ်လာသည်၊ ဗုဒ္ဓဟူးနေ့တွင် အစောင် ၃၀၀ ဖြစ်လာပါသည်၊ (၂) ဂလုပ်၏ ဖိတ်ခေါ်ချက်သည် သမ္မတ၏သတင်းစာဂျာနယ်များပေါ်ထပ်ခါထပ်ခါ တိုက်ခိုက်မှုများကြောင့် ဖြစ်သည်၊ သမ္မတသည် အထင်ကရ စီအင်အင် (CNN) စသည့် သတင်းဌာနများကို (Fake News ) ဟုခေါ်ခဲ့သည်၊ “အမေရိကန်ပြည်သူတို့၏ရန်သူ” ဟုခေါ်ခဲ့သည် သြဂုတ်လစောစောပိုင်းက စီအင်အင် သတင်းထောက်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက သမ္မတ၏ “ပြည်သူတို့၏ ရန်သူ” ပြောကြားချက်ကို ရှုံ့ချရန် အဆိုပြုခြင်းကို ငြင်းဆန်သဖြင့် အိမ်ဖြူတော်သတင်း စာရှင်းလင်းပွဲကို သပိတ်မှောက်ပြီး ထွက်ခွာခဲ့ဘူးသည်။ ဂလုပ်သည်မစ္စတာထရန့်နှင့်ပါတ်သက်၍ဖေါ်ပြသည်မှာယခုတစ်ကြိမ်သည်ပထမဆုံး အကြိမ်မဟုတ်ပါ၊ ၂၀၁၆ ခုဧပြီလကလည်း ထရန့်နှင့်ပါတ်သက်၍ အပုတ်ချတိုက်ခိုက်ခဲ့ဘူးသည်၊ တနင်္ဂနွေတစ်ရက်တွင် ထရန့်အကြောင်းအယ်ဒီတာအာဘော်အခမ်းမှ ရေးသားခဲ့သည်၊ ထရန့်က ဘော်စတင်ဂလုပ်သတင်း စာ ကို “မိုက်မဲသည်” ဟု၎င်း “အဖိုးမတန်” ဟူ၍၄င်း စကားများနှင့်ချေပခဲ့သည်၊ ၁၇၈၇ ခုနှစ်အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံကိုကြေညာအပြီးသောမတ်ဂျက်ဖါဆန် (Thomas Jefferson) ကမိတ်ဆွေတစ်ယောက်ထံစာရေးရာတွင် “သတင်းစာများမရှိတဲ့အစိုးရ” နှင့် “အစိုးရမရှိတဲ့သတင်းစာ” ဘယ်ဟာကို ရွေးချယ်ရမသိဖြစ်နေကြောင်း သူ့အနေနှင့် အစိုးရများမရှိတဲ့ သတင်းစာက ကောင်းမယ် ထင်ကြောင်းရေးခဲ့သည်။ ထိုအမြင်မှာ သူသမ္မတမဖြစ်မှီက အမြင်ဖြစ်ပါသည်၊ သူသမ္မတဖြစ်လာသောအခါ သူ့အမြင်ပြောင်းလဲ သွားရသည်၊ အိမ်ဖြူတော်တွင် နေခဲ့ပြီးနောက် အနှစ် ၂၀ ကြာသောအခါ သူ့မိတ်ဆွေကို ပြောရာတွင် သူ့အမြင်ကို ပြောင်းရတော့မည်ဖြစ်ကြောင်း၊ သတင်းစာထဲပါတာတွေကို ယုံကြည်၍မရသောကြောင့် အဲဒီညစ်ညမ်းတဲ့ ကရိယာကြီးထဲကို ထည့်လိုက်ပြီးတဲ့နောက် အမှန်တရားကိုပင် သံသယ၀င်လာရပြီ ဖြစ်သည်ဟု ရေးသားခဲ့သည်။ ဂျက်ပါဆန်၏ စိတ်မသက်မသာဖြစ်ရမှုကို ယခုအချိန်မှာလည်း ကျွန်တော်တို့နားလည်နိုင်ကြပါသည်၊ ဤသို့ မသက်မသာဖြစ်ရမှုသည် သူတန်ဘိုးထားသော အမှန်တရားပေါ်ပေါက်ရေးအတွက် အရေးကြီး ပါသည်၊ အမေရိကန်ပြည်ကြီးကို တည်ထောင်ခဲ့သူများ သူတို့အတွေ့အကြုံမှတဆင့် နားလည်လာရ သော ပြည်သူလူထုသည်အမှန်တရားကို သိမှသာ “ခြစားခြင်း” နှင့် ရေရှည်တွင် “လွတ်လပ်ခွင့် နှင့် အမှန်တရား” ကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပါသည်။ အမေရိကန်တို့၏ အမြင့်ဆုံးတရားလွှတ်တော်က ၁၉၆၄ ခု ဆုံးဖြတ်မှုတစ်ခုတွင် အများပြည်သူကြားမှာ ချပြဆွေးနွေးနိုင်ဘို့ဆိုတာလူတိုင်းရဲ့ “နိုင်ငံရေးတာဝန်ပါဘဲ “ ဟု ပြောခဲ့သည်၊ ထိုသို့သော ဆွေးနွေးမှု များသည် ကန့်သတ်ချုပ်ချယ်မှု ကင်းရှင်းပြီးအများပြည်သူများက လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရှိရ မည်ဟုဆိုသည်၊ ထို့အတွက်ကြောင့်ဤဆွေးနွေးမှုများတွင် အစိုးရ၀န်ထမ်းများပေါ်တိုက်ခိုက်မှု၊ တခါတရံ […]
↧
↧
စာအုပ်သတင်း- Poetry Wave အမှတ် ၄ လ စက်တင်ဘာလဆန်းပိုင်း ထွက်မည်
Poetry Wave အမှတ် ၄ လ စက်တင်ဘာလဆန်းပိုင်း ထွက်မည် (မိုးမခ) သြဂုတ် ၂၉၊ ၂၀၁၈ ကေဇော်မိုးနဲ့ရိုးခက်စီစဉ်တဲ့ (၂)လတကြိမ်ထုတ် Poetry Wave အမှတ် ၄ စက်တင်ဘာလဆန်းမှာ ထွက်လာပါတော့မယ်။ တန်ဖိုး ၁၂၀၀ ကျပ်ဖြစ်ပြီး သုံးလောကစာပေကနေ တပြည်လုံး ကိုဖြန့်ချိမယ်လို့သိရပါတယ်။ အမှတ် ၄ အဖြစ်ထုတ်ဝေမယ့် Poetry Wave မှာ ကဗျာ ၂၀ ပုဒ်၊ ကလေးကဗျာ ၂ ပုဒ်နဲ့ ကလေးကဗျာနဲ့ ပတ်သက်တဲ့ ဆောင်းပါး ၁ ပုဒ်တို့ပါဝင်မှာဖြစ်ပါတယ်။ ထို့အတူ ကဗျာသမားများ စိတ်ဝင်တစား ဖတ်မှတ်လေ့လာရမယ့် ကဗျာရေးရာဆောင်းပါး ၂ ပုဒ်အပြင် အမှတ်ရချက် ၂ ပုဒ်နဲ့ တကိုယ်တော်ကဗျာ ၃ ပုဒ်၊ အမှတ်တရကဗျာ ၁ ပုဒ်တို့နဲ့အတူ ကဗျာ့စကား ၁ ပုဒ်ပါ ထည့်သွင်းဖော်ပြထားကြောင်း သိရပါတယ်။
↧
ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆နှစ်ပြည့် Yangon Book Plaza မှာ ပြုလုပ်မယ်
ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆နှစ်ပြည့် Yangon Book Plaza မှာ ပြုလုပ်မယ် K (မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈ ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကျန်ရစ်သူ ညီမလေးမမမြင့်တို့ မိသားစုမှ ကြီးမှူးကာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ သံဈေး၊ ငါးလွှာရှိ Yangon Book Plaza မှာ စက်တင်ဘာ၃ရက် နေ့လယ် နှစ်နာရီ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ကဗျာဆရာမောင်ချောနွယ်ကွယ်လွန်ခြင်းအထိမ်းအမှတ်အခမ်းအနားများကို ကွယ်လွန်ချိန်၂၀၀၂ ခုနှစ်မှစတင်ကာ စစ်အ စိုးရကာလများမှာလည်းရန်ကုန်၊ မန္တလေး ၊ပြည် အစရှိတဲ့မြို့ကြီးများမှာ ပြုလုပ်ကျင်းပခဲ့ရာ ယခုအကြိမ်ဟာ ၁၆ ကြိမ် မြောက်ခဲ့ပြီဖြစ်ပါတယ်။ အထိမ်းအမှတ်အခမ်းအနားနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူညီမလေးမမမြင့်က “ မြန်မာပြည်သား ကဗျာဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း၁၆နှစ်ပြည့်အမှတ်တရ အခမ်းအနားလေး လုပ်ချင်ပါတယ်။ မောင်ချောနွယ်နဲ့ရင်ဘတ်ချင်း တူတဲ့သူတွေ ဂျပ်ပင်ထိုးကြဖို့ပါပဲ။ ကဗျာတွေနဲ့အမှတ်ရကြဖို့ပါပဲ။ ကဗျာထက်ပိုတဲ့အရာ ဘာမှမရှိတဲ့နေ့လယ်ခင်းလေးပါပဲ။ အားလုံးကို ဖိတ်ပါတယ်”လို့ ဆိုထားပါတယ်။ အဆိုပါ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲများကို ရန်ကုန်မြို့တွင်သာမက ပြည်၊ မန္တလေးမြို့များ မှာလည်း မောင်ချောနွယ်ချစ်သူများက ပြုလုပ်ရန်စီစဉ်နေကြကြောင်းသိရပါတယ်။ ကဗျာဆရာ မောင်ချောနွယ်ဇာတိ ပြည်မြို့၊ ရွှေဆံတော်ဘုရားတောင်ဘက်မုခ်ရှိ ဒက္ခိဏရုံကျောင်းတိုက်မှာ စက်တင်ဘာ ၃ ရက် နံနက်၁၀နာရီမှာ ပြည်မြို့မြို့ခံကဗျာဆရာများနဲ့မောင်ချောနွယ်ချစ်သူများက ကျင်းပမယ်လို့သိရပါတယ်။ ကဗျာဆရာမောင်ချောနွယ် အမှတ်တရရုပ်တုများကို ပြည်မြိုနှင့် မန္တလေးတောင်သမန်အင်းစောင်း သူဌေးဘုရားရင်ပြင် တို့မှာ စိုက်ထူပြသထားပါတယ်။
↧
Myanmar Now ● တပ်ချုပ်ကို Facebook မှ ဖယ်ရှားခြင်းသည် အပြီးအပိုင်ဖယ်ရှားခြင်းဟု ကုမ္ပဏီ ပြော
Myanmar Now ● တပ်ချုပ်ကို Facebook မှ ဖယ်ရှားခြင်းသည် အပြီးအပိုင်ဖယ်ရှားခြင်းဟု ကုမ္ပဏီ ပြော (မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၈ (ရန်ကုန်) –အမေရိကန်နိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ကုမ္ပဏီက ၎င်းတို့၏အွန်လိုင်းစာမျက်နှာတွင် မြန်မာနိုင်ငံ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို သြဂုတ်လ ၂၇ ရက်နေ့မှစ၍ ဖယ်ရှားလိုက်ခြင်းသည် အပြီးအပိုင်ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။ “ခုလို ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို ပိတ်ပင်လိုက်တာ အပြီးအပိုင် ထာဝရ ပိတ်ပင်လိုက်တာပါ။ ဖေ့စ်ဘွတ်ပေါ်မှာ သူ့ကို ဆက်လက်ရှိနေဖို့ ခွင့်မပြုတော့ပါဘူး” ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Ruchika Budhraja က Myanmar Now ကို ပြောသည်။ သြဂုတ် ၂၇ တွင် ဖေ့စ်ဘွတ်ကပိတ်ပင်သည်ဟု ကြေညာသည့်စာရင်းတွင် တပ်ချုပ်၏ ဖေ့စ်ဘွတ်စာမျက်နှာအပြင် တပ်မတော်ပိုင် မြဝတီသတင်းဌာနနှင့် ထိပ်တန်းတပ်မတော်အရာရှိကြီးများ၏ ဖေ့စ်ဘွတ်စာမျက်နှာများလည်း ပါဝင်သည်။ ပိတ်ပင်ခံရသောသူများနှင့် အဖွဲ့များ၏ စာရင်းအား ဖေ့စ်ဘွတ်ကုမ္ပဏီအား Myanmar Now က အီးမေးလ်ဖြင့်တောင်းခံရာ ပေးပို့ခဲ့သောစာရင်းတွင် အောက်ပါနာမည်များ ပါဝင်သည်ကို တွှေရသည်။ ၁။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS)၊ ၂။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် (Senior General Min Aung Hlaing အမည်ဖြင့်သုံးစွဲသော ဖေ့စ်ဘွတ်စာမျက်နှာ)၊ ၃။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း ၄။ ဗိုလ်မှုးချုပ် ခင်မောင်စိုး (ရခိုင်ပြည်နယ်ဘူးသီးတောင်မြို.နယ် အခြေစိုက် ခမရ ၁၅ ခြေမြန်တပ်ရင်း) ၅။ ဗိုလ်မှုးချုပ် အောင်အောင် (ခမရ ၃၃ ခြေမြန်တပ်ရင်း) ၆။ ဗိုလ်ချုပ် အောင်မျိုးသူ (ခမရ ၃၃ ခြေမြန်တပ်ရင်း) ၇။ ဗိုလ်မှုးချုပ် သန်းဦး (၂ဝ၁၇ ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အမှတ် ၉၉ ခြေမြန်တပ်ရင်းမှ) ၈။ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ကျန်းမာရေးကြောင့် ယခုနှစ်ဆန်းပိုင်းတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်) ၉ ။ ဗိုလ်ချုပ်မောင်မောင်စိုး (၂ဝ၁၇ တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး တာဝန်ယူခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ်စစ်ဆင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်မှ ထုတ်ပယ်ခံခဲ့ရသည်။) ၁၀။ ရဲမှုးချုပ် သူရစန်းလွင် (ရခိုင်ပြည်နယ်တွင် ယမန်နှစ်က တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုနှစ်မေလတွင် ရာထူးမှ ထုတ်ပယ်ခံရသည်။) ၁၁။ ဗိုလ်မှုး သန့်ဇော်ဝင်း ၁၂။ ခမရ ၃၃ ခြေမြန်တပ်ရင်းဖေ့စ်ဘွတ်စာမျက်နှာ ၁၃။ ခမရ ၉၉ ခြေမြန်တပ်ရင်းဖေ့စ်ဘွတ်စာမျက်နှာ ၁၄။ Phay Sit Gyi ဖေ့စ်ဘွတ်စာမျက်နှာ ၁၅။ မြ၀တီသတင်းဌာန ၁၆။ ထွန်းနိုင် (ဖေ့စ်ဘွတ်က အရာရှိထွန်းနိုင်ဟုဖော်ပြသည်) ၁၇။ နယ်ခြားစောင့်တပ်ကြပ် ကျော်ချေ ၁၈။ တပ်ကြပ်ကြီးဘကျော် ၁၉ ။ ခင်လှိုင် (ခမရ ၉၉ ခြေမြန်တပ်ရင်း) ၂၀။ သန့်ဇင်ဦး (အမှတ် ၈ ရဲတပ်ရင်းမှ ရဲအရာရှိ။ Thant Zin Oo အကောင့်ဖြင့်ဖေ့စ်ဘွတ်သုံးစွဲသူ)ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် အမုန်းစကားများကို ဖြန့်ဝေနေသည်ဟူသော ဖေ့စ်ဘွတ်၏ ပြောဆိုချက်ကို လက်မခံနိုင်ကြောင်း တပ်မတော်အရာရှိကြီးတစ်ဦးက Myanmar […]
↧